Part ~ 9

66 9 0
                                    

" Dara နင်ဒီမှာကြာဦးမှာလား ”

" ဘာလဲ ငါဒီမှာကြာကြာနေလို့မရတဲ့အကြောင်းအရင်းရှိနေလို့လား ငါ့အိမ်မှာငါနေတာဘယ်လောက်နေနေပေါ့မရဘူးလား ”

" မဟုတ်ပါဘူး နင်အလုပ်တွေများနေစိုးလို့မေးတာပါ ဘာအကြောင်းမှမရှိပါဘူး ”

Dara ဒီကိုရောက်နေတာသုံးရက်လောက်ရှိပြီ Ri အရမ်းပြောင်းလဲသွားတာကို သိသိသာသာတွေ့ရတယ် ကောင်းသောပြောင်းလဲမှုဖြစ်ရင်သိပ်ကောင်းမှာပဲလို့တွေးပေမယ့် ကိစ္စတွေကထင်သလောက်မရိုးရှင်းနေတာကိုတွေ့ရတယ် အထူးသဖြင့် Jiyong နဲ့ပက်သက်လာရင်ပေါ့၊ Ri က အဲ့ကောင်လေးကိုအရမ်းအရေးပေးလွန်းတယ် အဲ့ကောင်လေး ထမင်းကျွေးမှ ဆေးတိုက်မှ ရေချိုးခိုင်းမှ လုပ်တော့တာ Jiyong ကလဲ Ri အပေါ်မှာလိုအပ်တာထက်ပိုနေသလိုပဲ ငါမသိတာများရှိနေသေးတာလား အခုလဲမနက်စာစားနေတာ ပုံမှန်အခြေအနေထက်ပိုလွန်းနေတယ်

" အစ်ကို ဟင်းရည်ကို ဂရုစိုက်သောက်နော် အစပ်နည်းနည်းများတော့သီးမယ် နံရိုးကအရိုးများတယ် ကျွန်တော်နွှင်ပေးမယ်နော် ပါးစပ်တွေမှာပေနေတယ် သုတ်​ပေးမယ် ရေသောက်လိုက်ဦး ”

စတဲ့စကားတွေက တခြားသူအတွက်မသိပေမယ့် တို့အတွက်တော့လိုအပ်တာထက်ပိုလွန်းနေတယ်လို့ခံစားရတယ်။

" သမီး ထည့်စားလေ ဘာလဲဟင်းတွေမကြိုက်လို့လား စားရတာအဆင်မပြေလို့လား ဒါမှမဟုတ်နေမကောင်းလို့လား? ”

" မဟုတ်ပါဘူးအန်တီလီ စားလို့ကောင်းပါတယ် ”

" မမလေး ကျွန်တော်ဘာသွားဝယ်ပေးရမလဲစားချင်တာရှိလား မမလေးကိုကြည့်ရတာ မျက်နှာသိပ်မလန်းဘူး နေရောကောင်းရဲ့လား ”

" တို့နေကောင်းပါတယ် စားချင်တာလဲမရှိပါဘူး တို့ကိုအာရုံမထားပဲ Jiyong ပေါ့ပေါ့ပါးပါးပဲနေပါ တို့အဆင်ပြေပါတယ် ပြီးတော့တို့ကသူစိမ်းမှမဟုတ်တာ ”

" အော်.....ဟုတ်....ဟုတ်ကဲ့ ”

~ အခုရက်ပိုင်းမမလေးကိုကြည့်ရတာတစ်မျိုးပဲ အရင်နဲ့မတူဘူး ပြီးတော့ ကျွန်​တော့်ကြည့်တဲ့အကြည့်တွေကလဲ တစ်ခုခုလိုအလိုမကျနေသလိုပဲ ငါဘာအမှားများလုပ်မိလို့လဲ ငါပဲအတွေးလွန်နေတာများလား ဘာဘဲဖြစ်ဖြစ် အဆင်ပြေအောင်နေရမှာ ငါ့တာဝန်ပဲလေ

မငြိုငြင်ရက်ဘူး Where stories live. Discover now