☘ Dream Cafe' ☘
ဒီနေ့ကျွန်တော် ရုံးသွားဖို့ Bus ကားမှတ်တိုင်ကို ၅မိနစ် စောရောက်နေခြင်း ဖြစ်သည်။ ခဏစောင့်ပြီးသည်နှင့် ကျွန်တော် စီးရမယ့် Bus ကား ရောက်လာပြီ ဖြစ်တာ ကြောင့် ကျွန်တော် ကျောပိုးလွယ်အိတ်ကို သေခြာ ပြင်လွယ်လိုက်ပြီး ကားပေါ်တက်ရန် ပြင်လိုက်သည် ။
ကားပေါ်ရောက်သည်နှင့် ကဒ်ဖြင့်ကားခ ရှင်းပြီး ကားထဲတစ်ချက် ဝှေ့ကြည့်လိုက်သည်။ကားတစ်စီးလုံးတွင် အလယ်တနေရာနှင့် နောက်ဆုံးတန်းသာ ခုံက လွတ်တာကြောင့်ကျွန်တော် အလယ်ခုံကိုရွေးဖို့ ဆုံးဖြတ်လိုက်ပြီး ထိုခုံနားသို့ လျှောက်သွားလိုက်သည်။ ခုံအလွတ်နားရောက်မှ ထိုခုံဘေးတွဲခုံမှာ ကောင်လေးတစ်ယောက် ထိုင်နေတာကို တွေ့တာကြောင့် နောက်တန်းကို သွားဖို့လုပ်ပေမယ့်
ထိုကောင်လေးက အပြုံးချိုချိုလေးဖြင့် ခေါင်းလေးငြိမ့်ပြတာကြောင့် ကျွန်တော် ထိုကောင်လေးဘေးတွင်သာ
ဝင်ထိုင်ဖို့ ဆုံးဖြတ်လိုက်သည်။မှတ်တိုင်မှ စထွက်ကတည်းက ကျွန်တော်ရော ထိုကောင်လေးရော စကားမပြောဖြစ်ကြ၊ စ ထိုင်တုန်းက ကောင်လေးပြုံးပြတဲ့ အပြုံးလေးရယ် ကျွန်တော်ပြန်ပြုံးပြတဲ့ အပြုံးလေးရယ်ကသာပထမဆုံးနဲ့နောက်ဆုံးဖြစ်သွားခဲ့သည်။
နောက် ဆယ်မိနစ်လောက်နေတော့ ကျွန်တော်ဆင်းမယ့်မှတ်တိုင် ရောက်လာတာကြောင့် ကျွန်တော် ဘေးက ခလုတ်လေးကို လှမ်းနှိပ်ပြီး ၊ထိုကောင်လေးကို တစ်ချက်ကြည့်လိုက်သည်။ ပြတင်းပေါက်မှန်ဘက် ငေးနေသော ကောင်လေးက
ကျွန်တော် ခလုတ်နှိပ်ခါမှ သတိထားမိဟန်ရှိပြီး ကျွန်တော့်ကို စကားချိုအေးအေးလေးဖြင့် ပြောလာသည်။"အဲ့ဒီ့ဘက်က ရှေ့မှတ်တိုင်ဆို ဆင်းတော့မှာလား" တဲ့
ကျွန်တော်လည်း အရင်ထဲက စကားနဲတဲ့သူအလျှောက် ခေါင်းသာအသာငြိမ့်ပြပြီး "အင်း" တစ်လုံးကိုသာ အတတ်နိုင်ဆုံး ဖြေပေးကာ ကားရပ်သွားတာကြောင့် ဆင်းလိုက်သည်။
ရုံးရောက်ပြီး ရုံးစားပွဲမှာထိုင်ချလိုက်ကာ ကျောပိုးအိတ်ရဲ့ ဘေးအိတ်လေးကို လက်နှိုက်ကာ ထည့်ထားနေကျ ဘူးလေးတစ်ဗူးကို စမ်းတော့ အိတ်ထဲ မရှိတော့ .....