part 25

9.1K 305 23
                                    


"ဆောင်း မမတို့ခြံထဲလမ်းဆင်းလျှောက်ရအောင်"

"ဟုတ် မမ"

"လာမမကိုတွဲလိုက်"

ဆောင်းကချိုင်းထောက်လေးကိုတစ်ဖက် လွှာ့ကိုတစ်ဖက်အား​ပြုပြီးလမ်းလျှောက်ကျင့်နေလေသည်။ဆောင်းလေးဒီလိုအခြေအနေထိတိုးတက်လာတာကိုလွှာတစ်ကယ်ပဲကျေနပ်မိသည်။

ခြံထဲမှာသမီးငယ်နဲ့လွှာတို့လမ်းလျှောက်နေကြတာကိုကြည့်ရင်းကျေနပ်စွာပြုံးနေသူကဒေါ်မေသက်ထားပင်ဖြစ်သည်။သမီးငယ်ဆောင်းရဲ့အခြေအနေကအရင်ကထက်စာရင် အများကြီးတိုးတက်လာခဲ့လေပြီ။

အချစ်ရဲ့စွမ်းအားတွေကြောင့်ပဲဆိုရလေမလား။လွှာသူမတို့အိမ်ရောက်လာခဲ့ပြီး၆လအတွင်းဆောင်းလေးရဲ့အခြေအနေက တစ်နေ့ထက်တစ်နေ့ပိုပိုပြီး တိုးတက်လာခဲ့သည်။အခုဆိုရင် သမီးငယ်ဆောင်းလေးကလမ်းတောင်စလျှောက်ကျင့်နေပြီ။

အစတုန်းကလွှာက ဟိုဘက်လမ်းကသူ့အိမ်လေးမှာ ပြန်နေမလို့ဆိုလား။ လွှာကမိန်းကလေးဖြစ်နေတော့ တစ်ယောက်ထဲနေဖို့ မသင့်တော်တာရယ် ပြီးတော့ ဟိုအိမ်ဒီအိမ် သွားလိုက်လာလိုက်နဲ့လွှာလဲပိုပင်ပန်းမှာစိုးတာကြောင့် အိမ်မှာပဲနေစေလိုက်တာဖြစ်သည်။

လွှာဆိုတဲ့မိန်းကလေးက သူမသမီးဆောင်းအပေါ်အတော်လေးကိုချစ်ရှာပါသည်။ဆောင်းလေးရဲ့ဝေယျာဝစ္စတွေကို မညည်းမညူပဲလုပ်ပေးနေရှာတာ မိဘတွေဖြစ်တဲ့သူမတို့တောင်ပြန်အားနာနေရသည်။အင်း...သမီးငယ်ကျန်းမာလာရင်တော့ မြန်မြန်လက်ထပ်ပေးတော့မှပါပဲ။

~~~~~~~~~~~~~~~~~~~~~~~~~~~~

၃လခန့်ကြာပြီးနောက်

လွှာ ဆောင်းရဲ့အခန်းမှာခဏလေးအိပ်ပျော်သွားမိတာ လွှာနိုးလာတော့ဆောင်းကမရှိတော့ချေ။ဟင် ဆောင်း...ဆောင်းဘယ်ကိုများရောက်သွားပါလိမ့်။လွှာစိုးရိမ်တကြီးရှာမိသည်။

"မမ"

"ဆောင်း"

လွှာအံ့ဩနေမိသည်။ဆောင်းကအခန်းထဲကိုတစ်လှမ်းချင်း လှမ်းလာသည်။လွှာမျက်တောင်ပင်မခတ်ပဲငေးကြည့်နေမိသည်။

ချစ်ဝဋ်ကြွေး‌ရယ်မပြေစေလိုWhere stories live. Discover now