Part 4

587 24 1
                                    

လှိုက်ခနဲဖြစ်ပြီးလန့်နိုးလာတဲ့အချိန်

Cora ရောက်နေတာ စားပွဲတစ်လုံးပေါ် မှောက်လျက်အိပ်နေခဲ့တယ်

" နိုးပြီလားဆရာမ"

ဘေးက နွယ်နီက ပြုံးပြီးလာနှုတ်ဆက်တယ်

ပိုပြီးထူးဆန်းတာက Cora  ဝတ်ထားတာ အိမ်နေရင်းအဝတ်အစားနဲ့မဟုတ်ပဲ ဂျူတီကုတ်နဲ့

" ထက်ဘုန်းရော ....."

Cora ရဲ့ဝရုန်းသုန်းကားအမေးကို နွယ်နီကကြောင်အမ်းအမ်းဖြစ်သွားသည်

" ထက်ဘုန်းဆိုတာ အမကိုလာလာကြိုနေကြ ဆိုင်ကယ်နဲ့အကိုကြီးလား ရှေ့မှာတော့ရောက်နေတာမတွေ့ဘူးရော်"

ဟင်.... ဒါဆို ခုနက ငါအိပ်မက်မက်နေခဲ့တာလား

Cora လှိုက်ခနဲဝမ်းသာမိသွားတယ်

တော်တော်ကြောက်ဖို့ကောင်းတဲ့အိပ်မက်ပါလား

" ရေသောက်လိုက်အမ"

နွယ်နီကမ်းပေးလာတဲ့ရေခွက်ကိုသောက်ချရင်း အချိန်ကိုလှန်းကြည့်လိုက်တော့ ည ၁၀ နာရီ

ဒီချိန်ဆိုထက်ဘုန်းရောက်နေလောက်ပြီ

Cora ပစ္စည်းတွေသိမ်းရင်းထက်ဘုန်းဆီအပြေးထွက်လာခဲ့တယ်

မီးရောင်ခပ်ပြပြအောက်မှာ ခြင်ကိုက်လို ဟိုကုတ်ဒီကုတ်လုပ်နေတဲ့ ထက်ဘုန်းကိုမြင်လိုက်တော့ Cora အတော်လေးပျော်သွားခဲ့တယ်

Cora ပြေးပြီး ထက်ဘုန်းကို အတော်ကြာကြာထိ ဖက်ထားမိတယ်

ထက်ဘုန်းက Cora ကိုကြောင်အမ်းအမ်းနဲ့ပြန်ဖက်တယ်

Cora ကဒီလိုအပြုမူမျိုး လုပ်တာသိပ်မရှိ

" ထီပေါက်လာလို့လား Cora"

Cora မျက်နှာကိုကြည့်ရင်း အသာအယာမေးလိုက်တဲ့သူ့ကို

ခြေချောင်းတွေထောက်ရင်း ပါးကို ရွတ်ခနဲ နမ်းလိုက်တယ်

Cora ရှက်မနေတော့ပါဘူးလေ

ချစ်တဲ့သူကိုအသက်ရှင်လျက်ပြန်ရလိုက်တဲ့ခံစားချက်က ဘယ်အရာနဲ့မှမတူ

Cora အပြုမူကြောင့် သူကအတော်လေးထူးဆန်းနေသလိုကြည့်တယ်

" ဒါတော့တော်တော်ထူးဆန်းသွားပြီ"

သူကပြောလည်းပြော ရှက်ရှက်နဲ့ နီရဲနေတဲ့မျက်နှာနဲ့ ဆိုင်ကယ်ဦးထုပ်ကို ကျကျနနလာဆောင်းပေးတယ်

" ဘယ်လိုကောင်မလေးလဲမသိဘူး တက်"

တီတိုးရေရွတ်ပြီးဆိုင်ကယ်ပေါ်တက်သွားတော့သည်

Cora သူ့နောက်ကျောကို ခပ်တင်းတင်းဖက်ပြီး တစ်လမ်းလုံးမှီနွဲ့လာခဲ့သည်

သူမေးပေမဲ့ Cora မဖြေချင်

Cora သူ့ကိုဆုံးရှုံးရတဲ့အကြောင်းအိပ်မက်အဖြစ်တောင် ပြန်မပြောပြချင်

Déjà Vu ( ဒေဂျားဗူး)Where stories live. Discover now