28

6.3K 722 43
                                    

အစည်းအဝေးခန်းမထဲ အားကြိုးမာန်တက်ဖြင့် kpop boy groupတွေအကြောင်း ရှင်းပြနေသော ဆော့ဂျင်ကို အမြင်တော်တော်ကပ်လာချေပြီ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အစည်းအဝေးခန်းမထဲ အားကြိုးမာန်တက်ဖြင့် kpop boy groupတွေအကြောင်း ရှင်းပြနေသော ဆော့ဂျင်ကို
အမြင်တော်တော်ကပ်လာချေပြီ။

ဒါကိုသိစေရန် မျက်နှာရိပ်မျက်နှာကဲ ပြဖို့ကြိုးစားပေမယ့်ဒင်းလေးက သူဘက်တောင် တစက်မှလှည်မကြည့်လာပါ။

အစည်းအဝေးပြီးတော့လဲ အကိုဟိုဆော့နဲ့ အတူထွက်သွားပြန်ရင်း မျက်လုံးတွေအရောင်တောက်စွာနဲ့
  နောက်ထပ် boy groupနမည်‌တွေကို ရွတ်ပြနေပြန်တာ...။

ဒီလိုမြင်ကွင်းတွေကြောင့် သူစိတ်မကျေနပ် ဖြစ်ခဲ့ရတာမို့
ညနေအပြန် ဆော့ဂျင်ကို မစောင့်ဘဲ အိမ်ပြန်သွားခဲ့လိုက်မိသည်။
သို့ပေမယ့် ဆော့ဂျင်က ဘယ်လိုမှမနေပါ။

သူကိုဖုန်းလဲမဆက်လာသလို ၊
မက်ဆေ့တစောင်လေးတောင်
မပို့လာခဲ့ပါ။

သူစိတ်ဆိုးနေသည်ကိုတောင်သိခဲ့ပုံမရ။
ဒါက ဒေါသထွက်စေလွန်းတာမို့ သူဘက်ကစပြီ လုံးဝမဆက်သွယ်ဘူးဟု စိတ်ပိုင်းဖြတ်ခဲ့ပေမယ့်

မာနနဲ့ အချစ်က လွန်ဆွဲနေလို
ဆော့ဂျင် မသိအောင်တော့ ဆော့ဂျင်ရှိရာနေရာတွေကိုတော့
သွားချောင်းကြည့်မိပါတယ်။

ပိုချစ်တဲ့သူက ပိုပင်ပန်းခံရတယ်မဟုတ်လား!!

ဒီလိုနဲ့ တပတ်ပြည်လုနီးချေပြီ ၊
ဆော့ဂျင် နဲ့သူ
သူစိမ်းဆန်စွာနေခဲ့ရသည်က ။

ဒါဟာ ဟို boy group
အဖွဲ့တွေကြောင့်မို့
ဒင်းတို့ကို သူ လုံးဝမကျေနပ်ပါ။

သူအကြောင်းတွေထက် ဒင်းတို့ရဲ့ အကြောင်းတွေပို
သိရအောင် ဒင်းတို့က သူထက် ဘယ်လောက်များသာလို့လဲ
ဆိုတာသိရအောင် ရှာဖွေမိတော့....။

C E O J e o n👑☑️ CompletedWhere stories live. Discover now