စာစုတို အပိုဒ်တစ်

4 0 0
                                    

ကျန်တဲ့ဘဝသက်တမ်းကို တစ်ယောက်ထဲမဖြတ်သန်းချင်တော့တဲ့အခါ

ဘဝရဲ့နေဝင်ချိန်အထိ အတူရှိပေးပါ

နေကြာတစ်ခင်းနဲ့ ပျော်ရွှင်မှုတစ်ခြင်း တော့အာမခံနိုင်ပါတယ်

မီးညှိစရာမလိုတဲ့စီးကရက်တွေကိုငေးကြည့်ရင်း

ခင်ဗျားရဲ့မနက်ခင်းတွေမှာ ကာဖီအတူသောက်ဖို့ ကျွန်တော်အဖော်ပြုပေးပါ့မယ်

ပင်လယ်ပြာတွေအကြောင်း မိုးမခပင်တွေအကြောင်း မေတ္တာဗေဒအကြောင်း ကျွန်တော်ရှင်းပြပေးပါ့မယ်

ကောင်းကင်တစ်ခုအကြောင်းသိချင်ရင်တော့ ကျွန်တော့်မျက်ဝန်းထဲကခင်ဗျားပုံရိပ်တွေကိုဖတ်ပါ

နားမလည်နိုင်တဲ့ဘဝရဲ့ ပုစ္ဆာတွေကိုတိုင်းတာတဲ့အခါ ကျွန်တော့်ဘဝသက်တမ်းရဲ့ သစ္စာတရားကိုအသုံးပြုပါ

အဖိုးအခတွေကိုတော့ ခင်ဗျားရဲ့မျက်ဝန်းနက်နက်တွေကိုငေးရင်းကျွန်တော်ချေပေးပါ့မယ်

စာစုတိုများ Donde viven las historias. Descúbrelo ahora