၂၄{U/Z}

80K 9.2K 979
                                    

Unicode

အဆိုတော် မီမီထက်က သီချင်းသွင်းသည့်စတူဒီယိုတွင် အနိမ့်အမြင့် key အလိုက် သီချင်းတစ်ပုဒ်ကို ဆိုနေသည်။ အထဲမှာ စန္ဒယားဆရာလည်းရှိသည်။
နွေဦးမောင်သည် အပြင်၌ မီမီထက် ဆိုနေသည့်သီချင်းကိုနားထောင်ရင်း ရှိနေကာ သီချင်းဆုံးသည်အထိ ငြိမ်သက်စွာနားထောင်နေသည်။

"OK ပြီ..."

မီမီထက်ရဲ့ဆရာတဖြစ်လဲ တေးရေးဆရာကိုကိုလတ်က လက်ကာပြလိုက်တော့မှ မီမီထက်လည်းအပြင်ကိုထွက်လာသည်။
ဒီစတူဒီယိုက ဆရာကိုကိုလတ်ပိုင်တာပင်။ တေးသံရှင်ကောင်းများစွာကို မွေးထုတ်ပေးခဲ့သောနေရာလည်းဖြစ်သည်။

"ကဲ မောင်နွေဦး..သီချင်းလာအပ်တာလား"

မီမီထက်ထွက်သွားမှ ဦးကိုကိုလတ်က သူ့အားမော့ကြည့်ကာ ဝမ်းပန်းတသာအကြည့်ဖြင့်မေးသည်။အလုပ်လုပ်နေစဉ်က နွေဦးမောင်ဝင်လာတာသိသော်ညား အာရုံမပျက်စေရန် တစ်ချက်မော့မကြည့်။

"ဟာဗျာ ဆရာကလည်း ရှေ့သုံးရက်လောက်ကမှ စာမေးပွဲပြီးထားတာ ဘယ်မှာ သီချင်းရေးနိုင်မှာလဲဗျာ"

နွေဦးမောင် ဦးကိုကိုလတ်နှင့် သိခွင့်ရခဲ့သည်က ဇေရဲကြောင့်ပင်။သူအရင်က စိတ်ကူးပေါက်လျှင် သီချင်းလေးတွေရေးတတ်သည်။ ထိုအချင်းအရာကို ဇေရဲကသိသည်။
ဇေရဲသည် ထိုသီချင်းများကို စတူဒီယိုတွင် သွားရောင်းဖို့ပြောခဲ့ပေမဲ့ သူဘယ်တော့မှ ထိုစကားကို နားမယောင်ခဲ့။ မတတ်တခေါက်ပါကွာ ဟုသာအမြဲရှောင်ဖယ်ခဲ့သည်။

တစ်ရက်တွင် ဇေရဲက သူရေးထားသည့်သီချင်းစာရွက်ကို ဦးကိုကိုလတ်ထံသွားပြခဲ့သည်။ ဦးကိုကိုလတ်က ဇေရဲ စာမူပို့နေကျ စာအုပ်တိုက်ပိုင်ရှင်၏သူငယ်ချင်းဖြစ်သောကြောင့်ပင်။

ဦးကိုကိုလတ်က သူ့စာသားများကိုကြိုက်သောကြောင့် ထိုသီချင်းကိုဝယ်ဖို့ကမ်းလှမ်းခဲ့ပေမဲ့နွေဦးမောင်က ခါးခါးသီးသီးပင်ငြင်းခဲ့သည်။
ထိုစဉ်က ဦးကိုကိုလတ်က ထိပ်သီးတေးရေးဆရာများကိုပေးသော စျေးအမြင့်ဆုံးဖြင့်ကမ်းလှမ်းခဲ့သည်။နွေဦးမောင်က ငြင်းမြဲငြင်းတာကြောင့် ဒေါသထွက်ထွက်ဖြင့်ပြန်သွားခဲ့သည်။

အဓိပတိလမ်းမထက်က မောင့်ခြေရာ{အဓိပတိလမ်းမထက်ကမောင့်ခြေရာ}Where stories live. Discover now