Chapter 4 - Extraterrestrial

526 41 0
                                    

Towards the Mars
Episode 4

မုန်းမာန်ပြည့်သည် အာကာသဌာနချုပ်ရုံးမှ ထွက်လာပြီး အနီးနားရှိ စတိုးဆိုင်တစ်ခုတွင် မုန့်ဝယ်ရင်း နိုဗာကြူကို စောင့်နေသည် ။ တုံယမ်းအရသာမှုန့်ကို ရေနဲ့ထည့်မွှေကာ အသင့်စား ကြက်သားအရသာ အသားတုတုံးများကို ရောကာ စားနေတော့သည် ။ ထိုခေတ်တွင် လူများသည် ဓာတုနည်းဖြင့် ထုတ်လုပ်ထားသည့် အစားအစာများကို အစားများကြသည် ။ လွယ်လွယ်ကူကူရရှိသည့်အပြင် စျေးသက်သာသည့်အတွက် လူတိုင်းနေ့စဉ် စားသုံးကြသည်။ အသားငါးအစစ်သည် လူကုံထံများသာ စားနိုင်သည့် စားစရာဖြစ်သည်။ အတော်အတင့်စောင့်နေပြီးမှာပင် နိုဗာကြူရောက်လာခဲ့သည်။
" ဟေ့ အင်တာဗျူးဘလိုလဲ "
" ဒီလိုပါပဲ အဆင်ပြေပါတယ် "
" Yayyyy ဒါဆို ငါ့ကို ကြက်ဆင်စတူး ဝယ်ကျွေး "
"စားမယ်ဆိုတာချည်းပဲ တနေ့က ငါသေမလိုတောင်ဖြစ်သွားသေးတာနော် "
" ဘာလို့တုန်း "
" ဘက်ထရီတုံး က မြို့ပျက်နယ်မြေထဲ ကျသွားလို့လေ "
" ဘာ !! "
နိုဗာကြူ​၏ အာမေဍိတ်သံတစ်ခုဟာ စတိုးတစ်ခုလုံးကိုပင် လွှမ်းကာ ဘေးနားကသူများပါ ကြောင်တောင်ကြည့်နေတော့သည်။
" ဟဲ့ တိုးတိုးပြောပါဟ "
" နေပါဦး နင်က မြို့ပျက်နယ်မြေကို ဘာသွားလုပ်တာတုန်း "
" ငါ့ဘာသာ ဂျက်ကျောပိုးအိတ်နဲ့ လေ့ကျင်နေတာ မြို့ထဲမှာ ဂျက်ကျောပိုးအိတ်ပေးမသုံးဘူးလေ အဲ့တာနဲ့ အဲ့နားမှာ ပေါက်ကွဲမှုတစ်ခုလည်းဖြစ်ရော ငါ ဟန်ချက်မထိန်းနိုင်ဘဲ အိတ်ထဲကနေ ဘက်ထရီတုံး က ပြုတ်ကျသွားတာ "
မုန်းမာန်ပြည့် ပြောသမျှကို မျက်မှောင်ကြုတ်ကာ ခေါင်းတညိမ့်ညိမ့် နားထောင်နေတဲ့ နိုဗာ က
" အဲ့ဒါကြောင့် မနေ့က ကစားပွဲကို လာတာနောက်ကျတာလား "
" အေးလို့ ငါ ကျကျချင်းပဲ အဲ့နေရာကို ဆင်းသွားပြီး တစ်တိုက်ပေါ်တစ်တိုက်ဆင်း လိုက်ရှာသေးတယ် ဒါပေမဲ့ အာကာသစစ်ဆေးရေးတပ်သားတွေတွေ့လို့ သူတို့လေ့ကျင့်ရေး ဆင်းနေကြတယ် ထင်လို့ ငါ အဆုံးထိမရှာဘဲ ထွက်လာခဲ့တာ "
" အေး ကြည့်ကြပ်လုပ်ဦး နင်မရှိရင် ငါ့ကို မုန့်ကျွေးမဲ့သူမရှိတော့ဘူး ဒါနဲ့ အခုစားတာကိုလည်း နင်ပဲ ရှင်းမှာမလား "
" အေးပါဟ နင် ဘယ်တုန်းကများရှင်းဖူးလို့လဲ "
ဤသို့ဖြင့် စကြနောက်ကြရင်း အိမ်ကိုပြန်ခဲ့ကြသည်။
ယနေ့မှာတော့ နှစ်ယောက်သား အိမ်အတူပြန်လာရာ မနေ့က အခင်းဖြစ်ထားတဲ့နေရာသို့ရောက်လာသည်။ မုန်းမာန်ပြည့်သည် ရုတ်တရက်ရပ်လိုက်သည်။
" ဟဲ့ ဘာဖြစ်လို့လဲ သွားမယ်လေ " ဟု နိုဗာကြူမှ လှမ်းအော်သော်လည်း လက်ဟန်ခြေဟန်ဖြင့် ခဏရပ်စောင့်နေခိုင်းပြီး တစ်ခုခုကိုသာ အကြာကြီးစဉ်းစားနေသည်။
အတန်ကြာတဲ့အထိရပ်နေပြီးမှ အနီးနားရှိ ခြုံပုတ်နှင့် မြောင်းများကို လိုက်လံရှာဖွေတော့သည် ။
မုန်းမာန်ပြည့် ဘာလုပ်၍ ဘာကိုရှာဖွေနေမှန်းမသိသော နိုဗာကြူသည် စိတ်မရှည်ကာ အော်ငေါက်လိုက်တော့သည် ။
" ဟဲ့ နင်ဘာလုပ်နေတာတုန်း "
" ရှူး တိုးတိုး ဒီကိုခဏလာ မနေ့က တစ်ခုခုဖြစ်သွားလို့ "
ဒီလိုဖြင့် မနေ့က ဖြစ်ပျက်သမျှ နိုဗာကို အကုန်ပြောပြလိုက်တဲ့အခါမှာ
" နင် ဆေးတွေဘာတွေသုံးထားသေးလား "
" မဟုတ်ဘူးဟ ငါ့မျက်စိနဲ့တပ်အပ်မြင်ခဲ့တာ ငါ့ကို အသေထိုးကြိတ်သွားတာနော် "
" သတင်းထဲမှာကျ မပါလာပါလား ဒီလမ်းက လူခြေတိတ်ပြီး CCTV မရှိဘူးဆိုပေမဲ့ နယူးရန်ကုန်က ရဲတွေက အချဉ်မှမဟုတ်တာ လူတစ်ယောက်သေရင် data မှာ အလိုလိုပေါ်လာတာပဲကို "

Towards the MarsWhere stories live. Discover now