🖤1🖤

3K 203 14
                                    

Unicode

ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးတွင်Mafia ဂိုဏ်းများစွာ ရှိကြသည် ... နိုင်ငံတစ်နိုင်ငံအတွင်းတွင်ရှိသော ဂိုဏ်းတစ်ဖွဲ့နှင့် တစ်ဖွဲ့မှာလည်း သူအပြိုင် ငါအပြိုင် လုပ်ကြတာကြောင့် တစ်ဖွဲ့နှင့် တစ်ဖွဲ့ တညိ့သည်က ရှားသည် ...

Koreaနိုင်ငံတွင်လည်း ဂိုဏ်းများစွာရှိသည့်အနက်မှ အထင်ရှားဆုံး အချမ်းသာဆုံး အာဏာအရှိဆုံး ဂိုဏ်းနှစ်ခုရှိလေသည် ... ထိုဂိုဏ်းနှစ်ခု၏ လုပ်ကိုင်ကြသောစီးပွါးရေးမှာ လုံးဝမတူသော်လည်း Koreaနိုင်ငံ၏ အချမ်းသာဆုံး စာရင်းတွင် ပထမနေရာကို နှစ်ဂိုဏ်းလုံးမှ နေရာယူထားလေသည် ...

ထိုသို့ သူမဖယ် ငါမဖယ်နဲ့ ပထမနေရာကို လုနေရတာကြောင့် ထိုဂိုဏ်းနှစ်ခုမှာ လုံးဝမတည့် ... ထိုနှစ်ဖွဲ့ကို ဦးဆောင်သော သူများမှာလည်း နဂိုကတည်းက ရွှေဇွန်းကိုက်ပြီး မိဘ၏အလိုလိုက်မှုများဖြင့် နေလာရသောသူများဖြစ်တာကြောင့် ငယ်ငယ်ထဲက အရမ်းဆိုးသွန်းကြသူများ ဖြစ်တယ် ... ထိုသူ၂ဦးကတော့ ...

လွန်ခဲ့သော ၁၀ခန့်က Korea နိုင်ငံ၏ အချမ်းသာဆုံး စာရင်းတွင် ပထမနေရာတွင်ရှိခဲ့သော Mr Jeon သား Jeon JungKook ...

နှင့်

လွန်ခဲ့သော ၁၀နှစ်ခနိ့ကပဲ Korea နိုင်ငံ၏ အချမ်းသာဆုံးစာရင်းတွက် ဒုတိယနေရာတွင် ရှိခဲ့သော Mr Kim သား Kim Seok Jin ... တို့ဖြစ်ကြတယ် ...

သူတို့မတည့်ရသောအကြောင်းအရင်းကလည်း သူတို့၏ အဖေများ၏ တွန်းအားပေးမှုများကြောင့်လည်း ပါတာပေါ့ ... သူတို့နှစ်ဦးလုံး၏ အဖေများကလည်း ငယ်ငယ်ကတည်းက ပထမနေရာရအောင် ပြိုင်ဆိုင်လာကြသူများ ဖြစ်တာကြောင့် သူတို့၏ သားများကိုလည်း ပထမနေရာကို ရရန်သာ ဖိအားများ ပေးတတ်ကြသည် ...

Unexpected Love Where stories live. Discover now