{၂၅}U/Z

79.3K 9.2K 1K
                                    

Unicode

ဘားအံကိုသွားမဲ့ လိုင်းကားတွေကြားတွင် အထုပ်သယ်၊အထုပ်ချနေသူများကလည်းယောက်ယက်ခတ်နေသည်။
ကားစပယ်ယာကလည်း ကားထွက်တော့မည်ဖြစ်ကြောင်းတကြော်ကြော် အော်နေလေသည်။

နန့်စန္ဒာက ချိုင်းကြားတွင် ပိုက်ဆံအိတ်အပါးလေးကိုညှပ်ထားပြီး လက်ညှိုးတထိုးထိုးဖြင့်
ခါးစူးနှင့် စောနရီကို အထုပ်များအား ကားအမိုးပေါ်သို့တင်ခိုင်းနေလေသည်။စပယ်ယာကလည်း မအားလပ်တာမို့ စောနရီပင် ကားပေါ်တွယ်တက်ကာ ချုပ်ပြီးသား အထည်များကိုအထုပ်လိုက် ဆွဲတင်ရတော့သည်။ကားအောက်မှနေ၍ခါးစူးက အထုပ်များကိုပင့်တင်ပေးသည်။

"ပြန်မယ် အစော!"

ခါးစူးကအထုပ်များကို တင်ပေးပြီး စောနရီကိုပြန်ဖို့ဆော်ဩသည်။

"ဘာလိုသေးလဲဟင်"

"လိုတာပေါ့ဟဲ့ ။ ပိုက်ဆံပိုက်ဆံ၊လမ်းစရိတ်လေ။ ငါကကြားထဲကနေ ဟိုဘက် ဆိုင်ကိုလည်း ပို့ပေးရဦးမှာ။အသက်ကြီးပြီဟဲ့။ဒီအထုပ်​ေတွငါမဆွဲနိုင်ဘူး။အထမ်းသမားခေါ်ရမှာ"

နန့်စန္ဒာက ဘားအံက အထည်ဆိုင်ဖြင့် ချိတ်ဆက်ကာ ဒေါ်ချောကြည်ကို အထည်ချုပ်များအပ်ပေးသည်။ ချုပ်ရတာ လက်ဝင်ပေမဲ့ တစ်ထည်စာချုပ်ခက ငါးဆယ် ထက်ပိုမရ။
ဆယ်ထည်ဆိုလျှင် ငါးရာ။ယခုပို့မည်က အထည် ငါးဆယ်စာ။အထုပ်ကနှစ်ထုပ်သာ။
နှစ်ထောင့်ငါးရာသာရမည်။သို့သော်ကြားထဲက ပွဲစားခကပေးရသေးသည်။

"ကားခရှင်းပေးလိုက်မယ်လေ"

"ရတယ် ငါ့ဘာသာရှင်းမယ်။ပိုက်ဆံသာပေး။"

စောနရီဘာမှထပ်မပြောတော့ပဲ ပိုက်ဆံနှစ်ရာထုတ်ပေးလိုက်သည်။

"ကျန်တာပါပေးလိုက်လေ။လမ်းမှာ ဗိုက်ဆာရင် တစ်ခုခုစားဖို့လိုတယ်"

ပြောရင်း နန့်စန္ဒာက စောနရီလက်ထဲက တစ်ရာတန်နှင့် နှစ်ဆယ်တန်လေးရွက်ကိုယူသွားသေးသည်။

"ဒါဆိုရင်တော့ပွဲခ လျော့ယူမှရမယ် "
ခါးစူးကဆူပုတ်ပုတ်ဖြင့်ဝင်ပြော၏။ နန့်စန္ဒာတမင် ပိုက်ဆံပိုယူနေမှန်းသိတာကြောင့်မနေနိုင်ဘဲဝင်ပြောခြင်းပင်။

အဓိပတိလမ်းမထက်က မောင့်ခြေရာ{အဓိပတိလမ်းမထက်ကမောင့်ခြေရာ}Where stories live. Discover now