Part 1

570 52 0
                                    

[Unicode]သူမက လျန်မိသားစုရဲ့ တစ်ဦးတည်း​သောသမီးပျို​လေးကို ပြုစု​ပေးရတဲ့ အ​စေခံတစ်​ယောက်ဖြစ်သည် လျန်မိန်းက​လေးနှင့်သူမက အသက်အတူတူဖြစ်ပြီး ငယ်စဥ်က​လေးဘဝထဲက အတူရှိခဲ့ခြင်းဖြစ်သည်

လျန်မိန်းက​လေးသည် ပြည်ပတွင်ပညာသင်ကြားပြီး
အိမ်ပြန်လာ​လေသည် ​နေရာအနှံ့ စစ်မီးလျှံများပျံ့နှံ့သွား
သည့် ဤနှစ်များအတွင်းတွင် နိုင်ငံခြားမှပညာသင်ကြား
လာ​သောသူများ နိုင်ငံခြားဖြစ် စကတ်တို​လေးများ
ဝတ်ဆင်​သောသူများအား အမြဲပင်ကြိုဆိုခဲ့ကြသည်

မစ္စတာလျန်သည် သူ၏သမီးအတွက် အိမ်​ထောင်ဖက်ရှာ​တွေ့ခဲ့​လေသည်

အိမ်​ထောင်ဖက်သည်ကား စစ်နယ်ရှင်၏တစ်ဦးတည်း​သောသားဖြစ်သည် ​ကောလဟာလများအရ သူသည်
အားနည်းပြီး ငယ်စဥ်ထဲက အိမ်ထဲတွင်သာကြီးပြင်းခဲ့သည်ဟု ဆိုသည် အပြင်လူအနည်းငယ်သာ သူ့ကို​တွေ့ဖူးခဲ့သည်

လျန်မိန်းက​လေးက သ​ဘောမတူခဲ့​ပေ

သူမသည် ​ခေတ်​ရေစီး​ကြောင်းအလိုက်​နေ​သော မိန်းက​လေးဖြစ်သည် သူမ၏အိမ်​ထောင်​ရေးကို ပ​ဒေသရာဇ်စိတ်ဓါတ်ရှိ​သောသူထံ မပုံအပ်နိုင်​ပေ

ထို့​ကြောင့် သူမထွက်​ပြေးခဲ့သည်

လျန်အိမ်​တော်တွင် ရုန်းရင်းဆန်ခတ်ဖြစ်​လာခဲ့သည်

​ယမ်းတ​ငွေ့​ငွေ့​လောင်​နေ​သော ဤBeipingတွင်
လျန်မိသားစုသည် စီးပွား​ရေး​နောက်ခံရှိ​သော
သာမာန်မိသားစုသာဖြစ်သည် စစ်နယ်ရှင်အား
မည်သို့ ခုခံနိုင်ပါမည်နည်း
(*Beiping က Beijing ပါပဲ သူက​ခေတ်​​နောက်ပြန်​ရေးထား​တော့ အသုံးအနှုန်းကွာထားတာပါ)

ထို့​ကြောင့် မစ္စတာလျန်က အစားထိုးရန် စီစဥ်​တော့သည်

လျန်မိန်းက​လေး၏အ​စေခံသည် သူမအ​ကြောင်းအကုန်
သိသည် လျန်မိသားစု၏အ​ကြောင်းကိုလည်း နှိုက်နှိုက်ချွတ်ချွတ်သိသည် သူမ၏ကျွန်စာချုပ်​ပင်
လျန်မိသားစုလက်ထဲတွင်ရှိသည်

သူမမည်သည့်ပြသနာမှဖြစ်​စေမည်မဟုတ်​သော​
ကြောင့် မစ္စတာလျန်သည် မ​ကြောက်ရွံ့​တော့​ပေ

ဂျူလိုင်လ ဆယ်ရက်​မြောက်​နေ့တွင် သူမ​ဝေါယာဥ်​ပေါ်သို့ ​ရောက်ရှိခဲ့​လေသည်

[Zawgyi]သူမက လျန်မိသားစုရဲ့ တစ်ဦးတည်း​သောသမီးပျို​လေးကို ပြုစု​ပေးရတဲ့ အ​စေခံတစ်​ယောက်ဖြစ်သည် လျန်မိန်းက​လေးနှင့်သူမက အသက်အတူတူဖြစ်ပြီး ငယ်စဉ်က​လေးဘဝထဲက အတူရှိခဲ့ခြင်းဖြစ်သည်













A Shocking Terrifying Short Story(Completed)Where stories live. Discover now