ဇာတ်လမ်းလေးက၏သို့စ|ဇာတ်လမ်းလေးက၏သို့စ

2.1K 135 1
                                    

၅နှစ်သားလေး ယောင်းယွမ်၏ မှတ်ဉာဏ်ထဲတွင် ကျေးလက်တောရွာ၏ ဘွားအေဖြစ်သူအိမ်၌ ၇နှစ်အရွယ်တွင် ထန်ရွေ့ခန်းနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်၏။

အနှီကလေးငယ်က အသားညိုညို၊ မျက်နှာမှာ ပေပွရာဗရပွနဲ့ မျောက်ပိန်တစ်ကောင်နှယ်။ တွယ်တက်ထားတဲ့ နံရံပေါ်ကနေ ယောင်းယွမ်ကို ငုံ့ကြည့်နေလေပြီး တစ်စုံတစ်ရာ ပြောလာပေမယ့် သူဘာပြောမှန်း နားမလည်ခဲ့ချေ။

ဒါဟာယောင်းယွမ်ဘဝမှာ ဤကဲ့သို့သော အသားညိုပြီး ပေရေညစ်ပတ်နေတဲ့ လူတစ်ယောက်ကို ပထမဆုံး တွေ့ဖူးခြင်းသာ။ အင်္ကျီလက်အနားစတွေကိုကြည့်ပါအုံး။ ဘာတွေနဲ့ ပေရေနေသလဲဆိုတာ ဘုရားသာသိလိမ့်မယ်။

" မင်းကယောင်းယွမ်လား? "

အနှီအသားညိုညို မျောက်လိုကလေးငယ်က လည်ပင်းကို ကုတ်ခြစ်ကာဖြင့် စကားစလာလေ၏။

" ငါကမင်းရဲ့ နှစ်ဝမ်းကွဲအစ်ကို။ လာလေ...အတူသွားဆော့ရအောင် ''

ယောင်းယွမ်က ခြေတစ်ဝက် အနောက်ကို ဆုတ်လိုက်ပါ၏။ ဤ'နှစ်ဝမ်းကွဲအစ်ကို' ဆိုသည့် တော်စပ်မှုမျိုးကို သူမသိပါချေ။ ဘွားအေကြီးအိမ်မှာ နေခဲ့ရတဲ့ သုံးရက်အတွင်း ဆွေမျိုးသားခြင်းတွေရဲ့ ဆူညံပွက်လောရိုက်နေတဲ့ မြင်ကွင်းမျိုးကို မြင်ခဲ့ရပြီးသားဖြစ်၏။ အားလုံးကလည်း ဆွေမျိုးမကင်းတွေ ဖြစ်ဟန်တူပါရဲ့။ တစ်ဝမ်းကွဲညီအစ်ကို၊ နှစ်ဝမ်းကွဲညီအစ်ကို၊ သုံးဝမ်းကွဲညီအစ်ကိုတွေကို တစ်ခေါက်၊ နှစ်ခေါက်၊ သုံးခေါက်ဖယ်ကြည့်လိုက်အုံး သူတောင်လန့်မိသည်အထိ အားလုံးက ပျော်ရွှင်တသသ နေကြသူတွေချည်းပင်။

ဘွားအေကြီး၏ အိမ်မှာနေတဲ့ အတောအတွင်း အနှီအသားညိုညို မျောက်လိုကောင်လေးက နံရံပေါ်ကို ဆင်းလိုက်၊ တက်လိုက်ဖြင့် မြန်မြန်ဆန်ဆန် ပြေးလွှားနေတတ်သည်။

" ထန်ရွေ့ခန်း ! ! "

ဘိုးဘိုးကြီး၏ အသံက လျှပ်လက်သွားသလို။ သူ့မြေးရှိနေရာသို့ ခြေလှမ်းကျဲကြီးတွေနဲ့ ဆင်းချသွားလေတော့၏။ အနှီမျောက်နှင့်တူတဲ့ ကောင်လေးက လွယ်လင့်တကူပင် ထွက်ပြေးသွားလေတော့၏။ မှောင်မည်းကျဉ်းမြောင်းနေတဲ့ လမ်းကြားငယ်လေးထဲသို့ ဝင်ပြေးရန် ချောင်းနေစဉ်တွင် ခြေလှမ်းကျဲကြီးတွေနဲ့ လိုက်လာတဲ့ အဘိုးဖြစ်သူမှာ သူ့မြေးကို မိသွားလေတာကြောင့် နားရွက်ကနေဆွဲကာ တရွတ်တိုက် ပြန်ခေါ်လာခဲ့လေ၏။

တွယ်ငြိလေသော||王子病的春天•မြန်မာပြန်||Where stories live. Discover now