part-1

4.6K 208 45
                                    

*For Unicode*

ဘူဆန်မြို့ရဲ့မူကြိုကျောင်းလေးတစ်ကျောင်းတွင်ဖြစ်သည်။ချစ်စရာကလေးလေးတွေရဲ့အသံဆာဆာလေးတွေကြားမှာစူးထွက်လာတဲ့ကလေးမလေးရဲ့အသံတစ်ခု။

Bada
"ရားးနာ့ကိုဘာလို့ရိုက်သာလဲ."

Badaဆိုတဲ့ကလေးမလေးကနာသွားတဲ့သူ့လက်မောင်းလေးအားကိုင်ကာမျက်နှာလေးကိုစူပုတ်ပြီးပြောလေသည်။

Haesoo
"နင်လဲနာ့ကိုရိုက်တာပဲ..ကို
ဆာမနဲ့တိုင်မယ်.."

Haesooလို့ခေါ်သည့်ကလေးမလေးဟာလည်းလက်ညိုးတထိုးထိုးနဲ့ပြန်ရန်တွေ့လာလေသည်။
ကလေးမလေးနှစ်ယောက်ရဲ့ချစ်စရာရန်ပွဲကြောင့်ကျန်တဲ့ကလေးလေးများကပါ စပ်စပ်စုစုနဲ့ဝိုင်းလာကြလေသည်။

Jiah
"haesooနင်မှားသာလေ..."

Jiahဆိုတဲ့ကလေးမလေးကbadaဘက်ကဝင်ပြောတော့Araဆိုသည့်ကလေးမလေးကပါကလေးအုပ်ကြားထဲကတိုးထွက်လာပြီးJiahကိုပြန်အော်လေသည်။

Ara
"haesooမမှားဘူး
Jiahနင်ကဘာလို့badaဘက်ကလိုက်နေရသာလဲ၊.."

Jiah
"badaကနာ့ကိုမုန့်ဝယ်ကျွေးတယ်လေ"

ထိုအချိန်တွင်တအုပ်အုပ်နဲ့ဖြစ်နေသည်မို့ ဆရာမဟာအပြေးအလွှားရောက်လာပြီကြည့်လိုက်တော့ထုံးစံအတိုင်း အမွှေစိန်လေးယောက်ပင်ဖြစ်နေတော့သည်မို့ဆရာမကကြိတ်ပြုံးလိုက်သည်။
ဒါပေမယ့်လည်းမျက်နှာကိုပြန်တည်ကာကြောက်သွားစေရန်လေသံမာမာနှင့်...

Teacher
"ကဲ..ဟိုလေးယောက်ရန်ဖြစ်ကြပြန်ပြီလား
ဆရာမကရန်မဖြစ်ရဘူးလို့မှာထားတယ်လေ.."

Haesoo
"badaကသမီးကိုမခေါ်ဘဲ
တစ်ခြားသောင်မလေးကို
ခေါ်တယ်.."

Bada
" Haesooက သမီးကိုမုန့်မကျွေးဘဲ ဟိုသောင်မလေးကိုမုန့်ကျွေးတယ် "

Badaကရပ်နေတဲ့ကလေးတွေကြားထဲကကလေးလေးတစ်ယောက်လက်ညှိုးထိုးကာပြောလိုက်လေသည်။

Ara
" Jiah..လည်းမကောင်းဘူး..တူကသမီးကိုဆိုပစ်ထားသယ် "

Jiah
" Araနင်ကလည်းနာ့ကိုစကားလာမပြောတဲ့ဟာကို "

ဆရာမလည်းချစ်ဖို့ကောင်းလွန်းကြတဲ့ကလေးလေးတွေကြောင့်ရယ်မိသွားတော့သည်။
ဖြစ်ရတဲ့အကြောင်းအရင်းကလည်းအချင်းချင်းသဝန်တိုကြ၍သာ...

♡𝐏𝐑𝐎𝐌𝐈𝐒𝐄➹【COMPLETE✔】Where stories live. Discover now