Half of My ♥️ (Z)

2.6K 140 35
                                    

အထပ်မြင့်ကွန်ဒို၏ လှေကားထစ်များစွာကို ဖြတ်ကျော်ကာ လေးလွှာရှိအခန်းတခုရှေ့တွင်ဘတ်ဟျွန်းရပ်တန့်လိုက်သည်။ luggage အလေးကြီးဆွဲလာရသော လက်တွေက အားမရှိချင်သလိုတုန်ချိလာတာမို့ ရှိတာတွေ အမြန်လွှတ်ချပြီး ကျောပိုးအိတ်ကြီးပါပစ်ချကာ အခန်းတံခါးလေးမှီရင်း ဟစိဟစိအမောဖြေနေရသည်။

သူအိမ်ပြောင်းလာတဲ့နေ့မှ out of service ဖြစ်သွားရသောဓာတ်လှေကားကို တလမ်းလုံးကျိန်ဆဲလာရမှုကြောင့် တစက်မှချစ်ဖို့မကောင်းတော့သော နှုတ်ခမ်းလေးတွေအကြောင်း ချန်းယောလ်သိရင် ဘယ်လိုတွေဆူဆူပူပူလုပ်ဦးမလဲ သိချင်မိသည်။

" ဒီနေ့အစည်းအဝေးရှိလို့ နောက်ကျမယ်.. အိမ်ထဲအရင်ဝင်ပြီး ပစ္စည်းတွေနေရာချထားနော် " ဟုပြောကာ အိမ်သော့ကြီးအပ်နှင်းခဲ့ပါသော ပတ်ချန်းတယောက်ရော...ဟောဒီ့က ဒုက္ခသည်လေးရဲ့အဖြစ်ကိုမြင်နိုင်ပါ့မလားလို့။

" ဟူးး မောလိုက်တာ "

အကြိမ်ကြိမ် ရောက်ဖူးပြီးသားအခန်းဆိုပေမယ့် ဘယ်အချိန်ဖြစ်ဖြစ် သပ်ရပ်သန့်ရှင်းနေတတ်တာက ချန်းယောလ်ရဲ့အကျင့်ကောင်းလေးတခု။ ရထားတဲ့ဘွဲ့ချင်းသိပ်မကွာတာတောင်မှ လစာကောင်းတဲ့ company ကြီးမှာ အလုပ်ရသွားတော့လည်း သူကကျော့ကျော့မော့မော့လေးနေရပြီး အလုပ်မရသေးတဲ့ ဘတ်ဘတ်လေးမှာတော့ မိဘအိမ်မှာပဲ ဟိုချောင်ကပ် ဒီချောင်ကပ်နေရင်း အင်တာဗျူးမျိုးစုံဖြေနေရတုန်းပေါ့။

အထက်တန်းပထမနှစ်မှာ ဘတ်ဟျွန်းကျောင်းပြောင်းလာတော့ သူ့ကိုကြည့်မရဆုံးက အတန်းခေါင်းဆောင်ချန်းယောလ်ဖြစ်ခဲ့သည်။ သူတို့သူငယ်ချင်းတသိုက်ထိုင်နေကျ အနောက်ဆုံးခုံတန်းလေးက ဆရာတွေဒေါသထွက်ရာ target အဖြစ်ဆုံး..အပေပွဆုံး..အဆူညံနိုင်ဆုံးမို့ " စည်းကမ်းသာလူ၏တန်ဖိုး " လို့တနေ့အခါတထောင်လောက်မိန့်ခွန်းခြွေနေတဲ့ ချန်းယောလ်ဖက်က စိတ်တိုတာလည်း အဆန်းတော့မဟုတ်ခဲ့ပါ။

ဂိမ်းစက်ယူလာပြီး ခိုးဆော့တဲ့အမှုကြောင့် ဒူးထောက်လက်မြှောက်ခိုင်းထားရုံမက နေ့လည်စာပါအငတ်ထားခံရတဲ့နေ့တုန်းက ဗိုက်အရမ်းဆာလွန်းလို့  မျက်နှာရှုံ့မဲ့လေးဖြစ်နေတဲ့ ဘတ်ဟျွန်းအနား ချန်းယောလ်ရောက်လာပြီး ပေါင်မုန့်လေးတလုံး ခိုးကျွေးသွားခဲ့သည်။

Half of My Heart ♥️ Chanbaek Oneshot Collection Where stories live. Discover now