အစွန်းမဲ့ရပ်ဝန်း

99 12 9
                                    

"မနက်ဖြန် ငါ့မင်္ဂလာဆောင် နင့်ကို မပြောဘူး ဖြစ်မှာစိုးလို့" တဲ့။

SMS စာတိုလေးကိုဖတ်ရင်း ကျွန် တော် တဟားဟား အော်ရယ်နေမိတယ်။
ဘေးခုတင်က အခန်းဖော်က အိပ်နေရာမှ ဘာဖြစ်တာလဲဆိုပြီး ခေါင်းထောင်ကြည့်လာတာမို့ အားနာမိကာ တောင်းပန်စကားဆိုရတော့တယ်။

မနက်ဖြန်ကျင်းပမယ့် မင်္ဂလာပွဲကို ဒီနေ့ညမှ
အသိပေးတာ သိပ်များ စောမနေဘူးလားလို့ အော်ဟစ် မေးလိုက်ချင်ပေမယ့် ပြန်ပို့လိုက်မိတာက "အင်း " တစ်လုံးထဲပါပဲ။

ကြွရောက်ချီးမြှင့်ပြီး ရှေ့ဆုံး ထောင့်ဝိုင်းလေးမှာ ထိုင်ကာ မုဒိတာပွား လက်ခုပ်မတီး ပေးနိုင်မှာ သူမ သိသလို စိတ်ထဲကမပါတဲ့ Congratulations လို့ ပြောလာမှာကိုလည်း သူမ လက်ခံချင်မှာ မဟုတ်ပါဘူး။ ဘယ်သူ့ဆီကမှ အကြောင်းကြားစာ သတင်းစကား ရောက်မလာတာက ကျွန်တော်သိပြီးသားဖြစ်မယ် ထင်ကြလို့လား ဒါမှမဟုတ် သူမကပဲ ဟန်ဆောင်သကာရည်စကားတွေနဲ့ တားဆီးထားခဲ့လား ကျွန်တော် မသိချင် တော့ပါဘူး။

ကုတင် ဘောင်က ဟူဒီအနွေးထည်ကို ဆွဲယူကာ ခြေသံဖွဖွနင်းရင်း အခန်းတံခါးကို တိတ်တဆိတ်ပိတ်ပြီး လေသာဆောင်အထပ်ကို တက်ခဲ့လိုက်တယ်။
မီးတွေလင်းထိန်နေတဲ့ မြို့ပြရဲ့အရောင်အဝါက အထက် ကောင်းကင်ယံက ကြယ်လေးတွေကို တောင် ဝိုးတဝါးသာ မြင်စေတယ်။

ဒီမှာအားလုံး အိပ်မောကျနေချိန် ဆိုပေမယ့် လမ်းမထက်က သွားလာ လှုပ်ရှားနေကြတာ တွေက နေ့ခင်းနဲ့ မထူးခြားနားစွာပင်။
ကမ္ဘာ့ အီကွေတာရဲ့ တစ်ဖက်စီမှာ ရပ်တည်နေကြတဲ့ ကျွန်တော်တို့ နှစ်ယောက်ကတော့ အရာရာဟာခြားနားသွားခဲ့ပါပြီ။

အိတ်ကပ်ထဲ ထည့်ယူလာတဲ့ စီးကရက်တစ်လိပ်ကို မီးညှိပြီး အငွေ့တွေကို ခပ်ဖွဖွ ရှိုက်ထုတ်လိုက်မိတယ်။
လွင့် မျောသွားတဲ့ အခိုးအငွေ့တွေနဲ့အတူ ဖွင့်မထုတ်ဖြစ်ခဲ့တဲ့ ခံစားချက်တွေလည်း လေမှာ လွင့်မျောသွားရင် ကောင်းမယ်လို့ ခပ်ကြောင် ကြောင် တွေးရင်း ခြောက်ကပ်ကပ် ရယ်မောလိုက်တယ်။ အရာအာလုံးဟာ ဘယ်ချိန်ကစ မှားယွင်းလွဲချော်ခဲ့လည်း အဖြေမရှာနိုင်ပေမယ့် အားလုံးကတော့ လွဲ ချော်သွားခဲ့ပြီ။

အစွန်းမဲ့ရပ်ဝန်း (Completed)Where stories live. Discover now