Prologue
4.8K 151 8
This is a boylove story!!!!!
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
This is a boylove story!!!!!
Unicode;
တိတ်ဆိတ်နေတဲ့ အခန်းထဲမှာ ဖယောင်းတိုင်မီးရောင်ကို ငြိမ်းသွားစေလောက်တဲ့ လေပြည်နုနုလေး တိုက်ခတ်နေသည်။ လေတိုက်မနေဘူးဆိုရင်တောင် မီးရောင်မှိန်မှိန်လေးက သူ့အလိုလို လှုပ်ယမ်းနေရင်း ငြိမ်းသွားတော့မယ့်ပုံပေါ်သည်။ အခန်းရောင်က ပိုပိုပြီး မှိန်လာနေသည်။
တွဲကျနေတဲ့ လိုက်ကာစက ကားချပ်တစ်ခုလိုပင်။ အထဲမှာရှိတဲ့ ကိုယ်ခန္ဓာကို ဖုံးကွယ်ထားပြီး အထဲက လူရဲ့ ရွေ့လျားမှုနဲ့အတူ လိုက်ကာစက အတူ ယိမ်းနွဲ့နေသည်။ သိမ်မွေ့တဲ့ အသံလေးကို ဖန်တီးနေပြီး နွေးထွေးပြီး စိတ်အားထက်သန်နေတဲ့ အသံတွေနဲ့ အတူပင်။
ရီရင်ကျွိုက်ရဲ့ အသံက ပြိုပျက်လုနီးနီးပင်။ သူ့စိတ်ထဲမှာ ဆင်ခြင်တုံတရားက ခြေရာလက်ရာမကျန် လုံးဝပျောက်ကွယ်သွားပြီဖြစ်သည်။
သူ့ရဲ့ ချောမောပြီး ကျော့ရှင်းတဲ့ မျက်နှာလေးက အဆိပ်ရှိတဲ့ ကာမအားတိုးဆေးကြောင့် နီရဲနေပြီဖြစ်သည်။ အသက်ရှုသံတွေကလည်း ပိုပြီးလေးလံလာပြီး မျက်လုံးတွေပြူးကျယ်နေကာ ဆေးကလည်း ခန္ဓာကိုယ်တစ်ခုလုံးကို ပျံနှံ့နေပြီဖြစ်သည်။
ဒီဆေးတွေ ပျော်ဝင်သွားအောင် ကူညီပေးမယ့် တစ်စုံတစ်ယောက်ကို လိုအပ်နေပါပြီ။ ဘယ်သူမဆိုပင်။ ဘယ်သူပဲဖစ်ဖြစ် အဆင်ပြေပါသည်။
ရှောင်လန်းရွှင်က လိုက်ကာစကို ပင့်တင်လိုက်သည်။ သူမရဲ့ ကျန်းမာတဲ့ မျက်နှာလေးက စက္ကူရွက်တစ်ရွက်လိုပင် ဖြူဖျော့နေသည်။
ငယ်ရွယ်တဲ့ အမျိုးသမီးငယ်တစ်ယောက် ရောက်လာသည်။ သူမက မနက်ခင်းမှာ ပွင့်လန်းတဲ့ လှပပြီး ချစ်စရာကောင်းတဲ့ ပန်းပွင့်လေးလိုပင်။ မွှေးပျံတဲ့ ရနံက သူမခန္ဓာကိုယ်ကနေ ပျံလွင့်နေပြီး သာမန်အလှတရားတွေနဲ့တော့ နှိုင်းယှဥ်စဖွယ်ပင် မရှိပေ။