၁.၁
1.9K 102 7
Unicode:
ရှောင်မိသားစုရဲ့ အရှေ့ခြံဝင်းက မကျဥ်းလှပေ။ ဒါပေမယ့် အခုချိန်မှာ စေ့စပ်လက်ဆောင်တွေနဲ့ အရှေ့ခြံဝင်းတစ်ခုလုံး ပြည့်နေတာကြောင့် ခြံကကျဥ်းသယောင်ထင်ရသည်။လိုက်လျောညီထွေမရှိ ဖြစ်နေတော့သည်။စေ့စပ်လက်ဆောင်တွေကတော့ ပုလဲစေ့ပေါင်းတစ်ထောင်ကျော်၊ ညပုလဲစေ့ပေါင်းတစ်ရာကျော်တို့ကြောင့် မြင်လိုက်တာနဲ့ လာစေ့စပ်ကြောင်းလှမ်းတဲ့ မိသားစုက ချမ်းသာကြွယ်ဝတဲ့ သခင်လေးတစ်ယောက်ဖြစ်မယ်ဆိုတာ သိသာနေလေသည်။ရှောင်မိသားစုရဲ့ အကြီးအကဲဖြစ်တဲ့ ရှောင်ဦးလေးကတော့ ဒီအခွင့်အရေးကြီးကို လက်ဆုပ်လက်ကိုင်ရလိုက်တဲ့အတွက် နားရွက်တတ်ချိတ်တော့မတတ် ပြုံးရယ်နေတော့သည်။
သူ့ရဲ့သမီးအငယ်ဆုံးလေးဖြစ်သူက လွန်ခဲ့တဲ့နှစ်တွေကက ယောက်ျားလေးတစ်ယောက်ကဲ့သို့ ဝတ်စားဆင်ယင်ပြီး ရှောင်လန်းရွှင်ဆိုတဲ့အမည်ကို ခံယူကာမြို့တော်သို့ ပညာတော်သင်လေ့လာဆည်းပူးဖို့ လာခဲ့သည်ဟု ဆိုသည်။ရီရင်ကျွိုက်နဲ့ မိတ်ဆွေများဖြစ်ခဲ့ကြသည်။မမျှော်လင့်ထားတာက သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် ခံစားချက်တွေ တိုးပွားလာကြပြီး ချစ်သူနှစ်ယောက်အတွက် ပျော်ရွှင်ဖွယ်ကောင်းတဲ့ ကြံကမ္မာလေးဖြစ်လာခဲ့သည်။
အခုစေ့စပ်ကြောင်းလမ်းဖို့လာတဲ့ သခင်လေးကတော့သေချာပေါက် Yangtze မြစ်ရဲ့တောင်နဲ့​မြောက်(တရုတ်တစ်ပြည်လုံး)မှာ အချမ်းသာဆုံးဖြစ်တဲ့သူဌေးကြီးရဲ့ တစ်ဦးတည်းသောသား ရီရင်ကျွိုက်!!
ဒီစေ့စပ်ပွဲက အတော်လေး ဂယက်ထသွားသည်။စွက်ဖက်တတ်တဲ့ လူတွေဆီမှ ကောလဟာလတစ်ချို့တောင် ထွက်ပေါ်လာသေးသည်။လွန်ခဲ့တဲ့သုံးနှစ်က ရှောင်လန်းရွှင်က မပြောမဆိုနဲ့ ပျောက်ကွယ်သွားတာကြောင့် ရီရင်ကျွိုက်တစ်ယောက် ဒယ်အိုးပူပေါ်ကယင်ကောင်ကြီးလို စိုးရိမ်ဗျာများခဲ့ရသည်။သူအိမ်ပြန်ရောက်တာနဲ့ လူတွေကို သူ တစ်စုံတစ်ယောက်ကို ရှာနေခြင်းဖြစ်ကြောင်း ကြေညာလိုက်သည်။သူက ရှောင်လန်းရွှင်း အမည်ရှိတဲ့ သူနဲ့လက်ထပ်မယ့် မိန်းမပျိုလေးကို ရှာဖွေနေခြင်းဖြစ်ကြောင်း ကြေညာလိုက်ခြင်းဖြစ်သည်။
You've reached the end of published parts.
⏰ Last updated: Dec 17, 2021 ⏰
Add this story to your Library to get notified about new parts!