AMAR DE NUEVO

1K 106 1
                                    

Unicode

AMAR DE NUEVO

ကားပြတင်းပေါက်ပေါ် တံတောင်တင်ပြီး ဂျယ်နို သူ့နှုတ်ခမ်းတွေကို ပွတ်သပ်နေသည်။ ဒီနေရာမှာ ကားရပ်ပြီး ထိုင်နေတာ ၂နာရီနီးပါး ရှိနေပြီ ဖြစ်သည်။

ဂျယ်နိုရောက်နေတာ ဂျယ်မင်းရဲ့ တိုက်ခန်းအောက်က ကားပါကင်မှာ ဖြစ်သည်။ တိုက်ခန်းပေါ်တက်ဖို့အတွက် စဥ်းစားနေရင်း အချိန်ကုန်မှန်းမသိ ကုန်နေသည်။

လွန်ခဲ့တဲ့ ၃ရက် ဂျယ်မင်းနဲ့ ပြဿနာဖြစ်ပြီးကတည်းက ဂျယ်မင်းကို မတွေ့ရတော့ပေ... သူ ကျောင်းမလာတာ ၃ရက်ရှိပြီဖြစ်သည်။ စာကြမ်းပိုးက ကျောင်းမလာတော့ တခြားနေရာမှာ တွေ့ဖို့ဆိုတာ ဖြစ်နိုင်ချေ တအားနည်းသည်။

အဲ့တာကြောင့် ဂျယ်မင်းရဲ့ တိုက်ခန်းကို လာခဲ့ခြင်းဖြစ်သည်။ အပေါ်တက်ဖို့ အားမွေးပေမယ့် ဂျယ်မင်းကိုတွေ့ရင် ဘာစကားပြောရမှန်း မသိတာကြောင့် စီယာတိုင်ပေါ် နဖူးတင်ပြီး တွေးမိသည်။

အဲ့နေ့က အဖြစ်အပျက်မှာ ဂျယ်နိုလွန်တယ်ဆိုတာ သူ့ကိုယ်သူလည်းသိသည်။ ဘယ်လောက်ပဲ ရည်းစားဖြစ်ခဲ့တယ် ဆိုပါစေ ethic မရှိဘဲ တိုက်ခန်းထဲထိ ဝင်တဲ့အပြင် ကိုယ်ထိလက်ရောက်ပါ ကျူးလွန်တာမို့ ရဲစခန်းမရောက်တာတောင် ကျေးဇူးတင်ရမည်။

အဲ့လိုဖြစ်သွားတဲ့ အကြောင်းက သူမမျှော်လင့်ထားတဲ့ အဖြေကို ပေးတဲ့ ဂျယ်မင်းကြောင့်ဆိုပြီး ဂျယ်နိုမပြောနိုင်ပါ။ ဂျယ်မင်းပေးတဲ့အဖြေထက် သူ့လုပ်ရပ်က အများကြီးမှားခဲ့တာကိုး...

တကယ်လည်း ဂျယ်နိုမထင်ထားခဲ့မိပါ... ဂျယ်မင်းပါးစပ်ကပြောတဲ့ မချစ်တော့ဘူးဆိုတဲ့ စကားလုံးဟာ သူ့ရဲ့အသိစိတ်ကို ဗြောင်းဆန်သွားစေသည်။

တွဲခဲ့တဲ့ တောက်လျှောက်မှာ ဂျယ်နိုကို ဒီလိုစကားမျိုး မပြောခဲ့ဖူးသလို သူ့ဘက်က တစ်ဖက်သတ် လမ်းခွဲခဲ့တာတောင် ဂျယ်မင်းက မချစ်ဘူးဆိုတဲ့ စကားတစ်လုံးတောင် မဟခဲ့... အဲ့တာကြောင့်လည်း မချစ်တော့ဘူးလား ဆိုတဲ့မေးခွန်းကို ဂျယ်နို ယုံကြည့်ချက်ရှိရှိ မေးခဲ့တာဖြစ်သည်။

AMAR DE NUEVO [NoMin]Where stories live. Discover now