ကျိန်စာအသက်ဝင်လာခြင်း

22 1 0
                                    

အသဲခိုက်မတတ်  ချမ်းအေးလှသော ဒီဇင်ဘာနံနက်ခင်းတွင် .......LOSET အိမ်တော်မှ အိမ်သူအိမ်သားများသာမက အစေခံများပါ ..
စီုးရိမ်စိတ်များဖြင့်ချွေးပြိုက်ပြိုက်ကျနေကြ၏ ။ အဘယ်ကြောင့်ဆိုသော်......ဤမနက်ကစာပို့လုလင်လာပို့ပေးသော စာကြောင့်ဖြစ်သည်။
ဤစာအိတ်ကကြောက်ဖို့ကောင်းနေလို့လား..ဒါမှမဟုတ်စာအိမ်အတွင်းရေးထားတဲ့စာတွေကဘဲကြောက်ဖို့ကောင်းနေတာလား။ ဒါလည်းမဟုတ်ပါ။ဒါဆိုဘာကြောင့်လဲ......

ဤစာအိတ်အတွင်းရေးထားတာကတော့" LOSET အိမ်တော်မှဂုဏ်ကျက်သရေရှိလူကြီးမင်းများအား မဂ်လာနံနက်ခင်းပါလို့နှုတ်ခွန်းဆက်သပါတယ်.....မကြာခင်မီုးလေဝသအခြေအနေအရမ်းဆီုးတော့မယ်လို့ သတင်းကြားမိထားတဲ့အတွက် ..ကျန်းမာရေးအထူးဂရုစိုက်ဖို့..မျှော်လင့်မိပါတယ်"
ချစ်တဲ့စင်ဒီ လော့ဇက်


" ..ဘာ.. ဒီစာက စင်ဒီဆိုတဲ့ကောင်မဆီကလို့ဆိုလိုတာလား..." ရှားလော့သည်  ဒေါသတကြီးနှင့် အစေခံများကိုအော်ငေါက်လိုက်၏။
"ကျွန်မတို့ ဘာမှမသိပါဘူး သခင်။ အရင်နေ့တွေအတိုင်း...စာပို့လုလင်ဆီကစာတွေကို သခင်မဆီ ယူလာပေးတာပါဘဲ"
ရှားလော့သည် သူတို့ကိုပြောသမျှ အနည်းငယ်မျှပင် ယုံကြည်မှုမရှိချေ။အစေခံတွေဆိုသည်မှာ စာမတတ်တွေလေ ပြီးတော့လည်း ပိုက်ဆံရရင်ဘာမဆိုလုပ်မယ့်သူတွေမဟုတ်လား ။သစ္စာဖောက်ကောင်တွေလေ။
" ဒါဟာ ငါတို့ကိုခြိမ်းခြောက်ချင်တဲ့ လူတစ်ယောက်ကလုပ်တာကော မဖြစ်နိုင်ဘူးလား ရှားလော့။ ငါတို့ရဲ့လျှို့ဝှက်ချက်ကိုသိနေတဲ့ တစ်ခြားတစ်ယောက်"
" ကျက်သရေမရှိတဲ့ဟာတွေ...ခိုင်းထားတဲ့အလုပ်ကိုတောင်သေချာမလုပ်တဲ့ ခွေးတွေ....ပြီးတော့မင်း။ ဒီစာလာပို့တဲ့အကောင်ကိုစံုစမ်း ဒီစာဘယ်ကလာသလဲသိအောင်လုပ်လာခဲ့....တောက်*** " အားမက်လည်း ရှားလော့ကိုအရိုအသေပေးပြီးနောက် စုံစမ်းရန်ထွက်သွားတော့သည်။ ချက်ချင်းဆိုသလို ရှားလော့သည် သူ၏ဂေါက်ရိုက်တံတစ်ချောင်းကို ဆွဲယူလိုက်ပြီးနောက် အခန်းထဲမှာအရာအားလံုးကို အစိတ်စိတ်အမွှမွှကြေအောင်ရိုက်ချလိုက်ရာ ....စံအိမ်အပြင်ဘက်မှလူများပင်အသံသဲ့သဲ့ကြားနေရသည်အထိ။ မာရိန်း ည်း စင်ဒီဆိုတဲ့နာမည်ကြားကြားချင်း မိမိခေါင်းထိပ်တည့်တည့်သို့ မိုးကြိုးပစ်သကဲ့ကြောက်လန့်တုန်လှုပ်သွား၏။
"မဟုတ်ဘူး။ ဒီဟာလုံးဝမဖြစ်နိုင်ဘူး....။ရှားလော့...ဟုတ်တယ် ရှားလော့ကိုသွားမေးရမယ်" မာရိန်းတစ်ယောက် အခန်းအပြင်သို့ရောက်သည်နှင့်သူမကြားလိုက်ရသောသတင်းသည် ဧကန်အမှန်ဖြစ်ကြောင်းကို အစေခံများ၏ကြောက်ရွံ့မှုအပြည့်နှင့်မျက်နှာများကပြောနေ၏။ သူမကိုယ်တိုင်လည်း ခေါင်းပေါ်တွင် အချိန်မရွှေးပေါက်ကွဲတော့မည့်မီးတောင်ကိုတင်ထားသလိုပင်။ ထိတ်လန့်မှုအပြည့်။ စံအိမ်၏ မြေညီထပ်သို့ရောက်လာသောအခါ။ ပစ္စည်းများအားရိုက်ခွဲနေသံသည် ကျယ်သထက်ကျယ်လာ၏။ အနီရောင်ကတီပါလိုက်ကာစ ချထားသော ရှားလော့အခန်းရှေ့သို့ရောက်လာသောအခါပစ္စည်းများကျကွဲသံကလွဲရင် ဘာအသံမှမရှိ။ထို့နောက် တွန့်ဆုတ်နေရာမှ အားစိုက်၍လက်ကိုင်တံခါးခလုတ်ကိုလှည့်လိုက်၏။
"ရှားလော့.........."
"နင်....အဲ့ဒါနင်မလား.....စင်ဒီဆိုတဲ့ ကောင်မနဲ့ပေါင်းပြီးအခုငါ့ကိုကြံစည်တာမလား"ရှားလော့သည် နွားသိုးကဲ့သို့ရှူးရှူးဒိုင်းဒိုင်းနှင့်လက်ထဲရှိ ဂေါက်တံကိုလွှတ်ပစ်ပြီးနောက် မာရိန်း လည်ပင်းကိုဆုပ်ကိုင်လိုက်၏။
"ဘာတွေပြောနေတာလဲ....လွှတ်ငါ့ကိုလွှတ်..."
"ငါနင့်ကိုလုံးဝမယုံဘူး"
"ဘာကိုမယုံတာလဲ.....ငါစင်ဒီကို အဆိပ်ခတ်တိုက်တာကို နင့်မျက်လုံးကန်းနေလို့မမြင်တာလား။သောက်ရူး..။ငါ့ကိုလွှတ်စမ်း ..အား....အင့်။ အင့်"ထိုအခါမှ ရှားလော့စ်ယောက်သတိပြန်ဝင်လာတော့သည်။ဟုတ်သား......မာရိန်းကိုယ်တိုင် စင်ဒီ ကိုအဆိပ်ခတ်သတ်ခဲ့တာကိုမေ့ပြီးမာရိန်းအပေါ် သံသယတွေဝင်နေခဲ့တာ။
                   " ဟူးးးးးးး"ဘာဘဲဖြစ်ဖြစ်   သူတို့ဘာလုပ်နေတယ်ဆိုတာကိုစောင့်ကြည့်နေသူတစ်ယောက်ကတော့အသေအချာရှိနေလေပြီ။ ရှေ့ဆက်၍သတိလက်လွတ်နေလို့မဖြစ်တော့။
                   

Story of the seaWhere stories live. Discover now