ဝီလ်စင်ဘိုးမြို့ပြ

10 3 0
                                    

လွန်ခဲ့သော ၇နှစ်ခန့်🧶🧶🧶🧶

လူတိုင်းရဲ့စိတ်ကူးတွေအရဆိုရင် ဝီလ်စင်ဘိုးဆိုတာ ဒုတိယကောင်းကင်ဘုံဘဲမဟုတ်လား။ တကယ်တော့ သူတို့ထင်တဲ့အထင်က ဝီလ်စင်နန်းတော်ကြီးအနီးတစ်ဝိုက်ကလွဲရင် မှန်ပါတယ်။
ထိုနေရာကနေကျော်သွားရင်တော့...မီးခိုးတလူလူနဲ့ အရောင်မဲ့သော အိမ်အိုအိမ်ပျက်များ ၊ညစ်ပတ်စုတ်ပျက်ပြီးအဖာတစ်ရာအဝတ်ကိုဝတ်ဆင်ထားသော ဆင်းရဲသားများ၊မြေပြင်တွင်အကာအကွယ်မဲ့ ဆော့ကစားနေသောကလေးငယ်များ၊ ပါးစပ်ထဲရှိစကားတစ်လံုးနဲ့ လိမ်ညာလှည့်ပတ်နေသော နှာခေါင်းပွပွ၊ သွားကြဲကြဲ ၊ ရယ်လိုက်တိုင်း ရွှေသွားအတု ၃၂ချောင်းနှင့်လူလိမ်ပွဲစားခါးပိုက်နှိုက် များခြေလိမ်ရာနေရာဖြစ်သည်။ 
မာရိန်းသည် သူမ၏စာဖတ်ခန်းပြတင်းပေါက်မှ အပြင်သို့ငေးမောနေစဉ်။ ကလေးငယ်တစ်ဦးသည် သူ၏လက်ထဲတွင်ပဲနီဒင်္ဂါးကို ကျစ်ကျစ်ဆုတ်ကိုင်လျက် ပါလက်ဖောင်းပေါ်သို့ အားရဝမ်းသာလမ်းလျှောက်လာ၏။ အဝတ်အစားကိုကြည့်ခြင်းအားဖြင့် အလွန်ချို့တဲ့သောမိသားစုမှဖြစ်နိုင်သည်။ ကလေးလေးသည်ပါးဖောင်းဖောင်းလေးနှင့်အလွန်ချစ်ဖို့ကောင်းရာ ဝတ်ထားသောအဝတ်အစားနှင့်နည်းနည်းမှမအပ်စပ်ချေ။ အဝေးကကြည့်နေရုံဖြင့်တောင် အသည်းယားဖို့ကောင်းလှသည်။
" တော်တော့...ဆက်မကြည့်နဲ့တော့မာရိန်း။ ဟိုတစ်ခေါက်က ကလေးလေးတစ်ယောက်ကိုချစ်လို့မုန့်သွားကျွေးတာ အဲ့ကလေးရဲ့ခါးပိုက်နှိုက်တာကို ခံလိုက်ရသေးတယ်မလား"ဟုကိုယ့်ကိုကိုယ် ပြန်၍သတိပေးလိုက်၏။
သို့သော်စိတ်က ထိန်းမရ ထိုသေးသေးလေး နောက်သို့အကြည့်ကပါသွား၏။ ထိုစဉ်ရုတ်တရက် ကလေးကြီးအုပ်စုတစ်စုက "ဘွားခနဲ "ပေါ်လာပြီး ထိုသေးသေးလေးလက်ထဲမှပဲနီင်္ဒဂါးကို ဝိုင်းလှကြတော့ရာ ထိုသေးသေးလေးကပြန်ခုခံကာ သူ့ပဲနီကိုလုံးဝလက်လွှတ်မခံ။ သို့သော်လူချင်းကမမျှတော့ ကလေးကြီးအုပ်စုကဘဲ ဒင်္ဂါးကိုရသွားတော့သည်။ ပွဲကဒီမှာဘဲပြီးသွားပြီ...စားဝတ်နေရေးကြပ်တည်းသူတို့အဖို့ ြကီးနိုင်ငယ်ငြှင်းကသဘာဝမဟုတ်လား။ ဒီမြို့ရဲ့တရားဉပဒေဘယ်လောက်ဘဲ တစ်ဖက်နိုင်ငံသို့ကျော်ကြားပါစေ အဲ့တရားဉပဒေစာတွေကလက်တွေ့မှာ အချိန်ကုန်ခံရေးထားတဲ့စာသာသာပါဘဲ။
မာရိန်းလည်း အဆုံးသတ်ကိုသိနေတဲ့ ပွဲကြည့်သူပမာကြည့်နေခဲ့ခြင်းဖြစ်ရာ....နေရာမှထ၍ အလုပ်လုပ်ရဦးမယ်မဟုတ်လား။ ထိုသို့တွေးလိုက်ပြီးမှ ....ထိုသေးသေးလေးသည် မာရိန်းမထင်မှတ်ထားသည့် အရာကိုပြုလုပ်လိုက်၏။
ထိုသေးသေးက သူ့ဘေးရှိရွှံအိုင်ထဲမှ ရွှံလက်တစ်ဆုပ်စာကို ကိုင်ပြီး ကလေးကြီးအုပ်စုထဲမှခေါင်းဆောင်ဖြစ်သူကိုတည့်တည့်ပစ်လိုက်ရာ ထိမှန်သွားတော့သည်။
" လိုက်ဟေ့......အဲ့ကောင်ကိုမိအောင်လိုက်ဖမ်းစမ်း၊မိလို့ကတော့ ... အသေဆော်ပစ်မယ်"

............................***********************************************..............................................

Story of the seaWhere stories live. Discover now