"ဘတ်ခ်ဟျွန်း....""ချန်းယောလ်ရှီး...ဘာလို့လိုက်ထွက်လာတာလဲ"
ခုဏကထပ်ပေါ့ပါးနေတဲ့ဘတ်ခ်ဟျွန်းက တိုကျိုမြို့ရဲ့အအေးဓာတ်ကိုတော့ခုခံနိုင်တဲ့ပုံမပေါ်ပေ။
အသားရောင်ဆွယ်တာလေးထဲမှာအေးလွန်းလို့ကျုံ့ဝင်နေလေသည်။
ချန်းယောလ်ကိုလည်းအံ့သြတကြီးမော့ကြည့်လို့ ပါးစပ်ကလေးကလည်းဟလျက်။"မင်းတကယ်ပဲဂေးလား...."
"ချန်း...ချန်းယောလ်..ရှီး....ဘာတွေမေးနေတာလဲ ဒီတိုင်းအဲ့တာက "
ဘတ်ခ်ဟျွန်းကမျက်စံလေးတွေတောင်တစ်လုံးမြောက်တစ်လုံးပို့ရင်း နှာခေါင်းကိုတချက်ရှုံ့ပြီးခေါင်းငုံ့ချလိုက်၍ ချန်းယောလ်ဘက်ကလိုချင်တဲ့အဖြေအားပေးချင်တဲ့ပုံမပေါ်၊
"အမှန်တိုင်းဖြေပေးပါ "
အမှန်တရားကဘယ်ဟာလည်း ဘတ်ခ်ဟျွန်းကိုယ်တိုင်တောင်မသိသေးဘူး၊ သူအိမ်ထောင်မပြုချင်လို့ဒီတိုင်းဂွင်ဆင်ချင်ရုံလေးပါ၊
ဒါပေမဲ့ မျှော်လင့်ချက်သမ်းနေတဲ့ချန်းယောလ်ရဲ့မျက်ဝန်းတွေမြင်မှ အဖြေကိုပင်စဉ်းစားယူနေရချေပြီ။ဘတ်ခ်ဟျွန်းအောက်နှုတ်ခမ်းကိုအသာဖိကိုက်လိုက်ရင်း
"မဟုတ်ဘူး... ဒီတိုင်းလက်မထပ်ချင်လို့ အကွက်ဆင်လိုက်တာ..."
"ဟား....မင်းကတော့ ဟက် တကယ့်အူကြောင်ကြားလေးပဲ "
ဆံပင်တွေထဲထိုးဖွလာတဲ့ချန်းယောလ်လက်ရဲ့အနွေးဓာတ်ကို ဘတ်ခ်ဟျွန်းခံစားမိလိုက်ရသလို
ချန်းယောလ်ဆီမှမသိမသာ သက်ပြင်းချသံကိုပါကြားဖြစ်အောင်ကြားလိုက်သေးသည်။
ဤသည်က
ဘတ်ခ်ဟျွန်းထံမှသက်ပြင်းချသံနှင့်အလားတူလောက်ပါပဲ။"ဒါဆိုတော့ ဒါခဏဝတ်ထား အိမ်ပြန်လိုက်ပို့ပေးမယ်ညဉ့်နက်နေပြီလေ..."
ချန်းယောလ်ကပြောရင်းဆိုရင်း သူဝတ်ထားသည့်အနွေးထည်ကိုဘတ်ခ်ဟျွန်းထံလွှားခြုံပေးလာသည်။
"ကားပါလို့လား..."
"အာ..ကားဝယ်ဖို့ထိမချမ်းသာသေးပါဘူးကွာ ဟိုနားကပါကင်မှာ ဆိုင်ကယ်ထားခဲ့တယ်လမ်းလျှောက်ပြီးသွားယူမလို့"