P▪︎A▪︎I▪︎N (Oneshot Story){Z}

17 2 2
                                    

"ရန်စစ်ငြိမ်း ထွက်လာခဲ့" ဆိုတဲ့ ရဲဝန်းတမ်းတစ်ဦး၏အသံ​ကြောင့် ကျွန်​တော် သံတိုင်များကြားထဲမှ ထွက်လာခဲ့သည်..
အပြင်​ရောက်​တော့ ရဲအရာရှိတစ်ဦးကို ​တောင်းပန်စကားဆိုပြီး ခံဝန်စာရွက်​ပေါ် ​ဘောပင်တစ်​ချောင်းကိုင်ကာ လက်မှတ်ထိုး​နေရ​သော ခွန်း......
အင်း... ကျွန်​တော့ရဲ့ တစ်ဖက်သက်ချစ်ရသူကြီး​ပေါ့ တစ်နည်း​ပြောရင် ကျွန်​တော့အစ်မ မမနှင်းသဒ္ဒါငြိမ်းရဲ့ အနာဂတ်သတို့သား​လောင်းကြီး ဟက်...
ကျွန်​တော်တို့က ​မောင်နှမ နှစ်​ယောက်ထဲ ​ဖေ​ဖေနဲ့​မေ​မေက​တော့ ငယ်ငယ်ထဲက သ​ဘောထားမတိုက်ဆိုင်လို့ ကွဲသွားကြပြီ ဟက် ရယ်​တော့ရယ်​ရသားဗျ သူတို့ပဲချစ်လို့ယူထားကြပြီး က​လေး​တွေမျက်နှာမှမ​​ထောက် သ​ဘောထားမတိုက်ဆိုင်လို့ဆိုတဲ့ အ​ကြောင်းပြချက်ကြီး​အောက် ကွဲသွားကြတာ😌အဲ့ချိန်ထဲက မမကလည်း ကျွန်​တော်​မွေးလာပြီးမှ ​ဖေ​ဖေတို့ကွဲကြတာဆိုတဲ့ ဆင်​​ခြေကြီးနဲ့ ကျွန်​တော့ကိုဆို ဘယ်​တော့မှ ​ကောင်း​ကောင်းဆက်ဆံတာမဟုတ်... အခုပဲ ကြည့်ပါလား ​မောင်တစ်​ယောက်လုံး ​ထောင်ထဲ​ရောက်​နေတာ​တောင် ​​ဘာမှမဆိုင်တဲ့ ခွန်းက လာထုတ်​ပေးရတယ်.... အင်းးးးး ခွန်းဆိုမှ ခွန်းက ကျွန်​တော်တို့ အိမ်နီးချင်း ငယ်ငယ်ထဲက ခင်ကြတာ ကျွန်​တော်ကလဲခွန်း​အ​ပေါ် ငယ်ငယ်ထဲက ခံစားချက်တွေ ဖြစ်ပွားခဲ့တာ ဒါ​ပေမယ့် ကံကြမ္မာက ကျွန်​တော့ဘက်က မဟုတ်ဘူးဗျ ကျွန်​တော် ၁၀ တန်း ခွန်းနဲ့ မမတို့ ဘွဲရပြီးလို့ သူ့တို့က ရည်းစားဖြစ်သွားကြတယ် ကျွန်​တော် ဗီလိန်မဖြစ်ချင်သလို ဒုတိယလူလည်းမဖြစ်ချင်ဘူး😌 မမနဲ့ ခွန်းတို့ ကြည်နူး​နေတိုင်း ကျွန်​​တော် ​သေမတတ်နာကျင်ရတယ်😭... ဒါ​ပေမယ့် ဘာတတ်နိုင်မှာလဲ.... ကျွန်​တော်နဲ့ ခွန်းက မျဉ်းပြိုင်လိုပဲ ဘယ်​တော့မှ စုံမှတ်ရှိမှာမဟုတ်.....
ကျွန်​တော့ အ​တွေးထဲနစ်​မြော​နေတုန်း...

"စစ်...လာ အပြင်ထွက်ရ​အောင်" ဆိုတဲ့ ခွန်းအသံ​ကြောင့်အ​တွေး​တွေခနရပ်ကာ
ခွန်းအ​နောက်က လိုက်သွားလိုက်သည်...
အပြင်​​ရောက်​တော့

"စစ်...မင်း ငယ်​တော့တာမဟုတ်ဘူး နည်းနည်းလိမ္မာ​ပေးလို့မရဘူးလား...​ထောင်တယ်​ရောက်တာကလည်း ၁ခါ ၂ခါမဟုတ်​တော့ဘူး...မင်း​နောင်​ရေးအတွက်ငါရင်​လေးတယ်"

You've reached the end of published parts.

⏰ Last updated: Jul 20, 2021 ⏰

Add this story to your Library to get notified about new parts!

P▪︎A▪︎I▪︎N Where stories live. Discover now