အခန်း (၄၀)/ ခ

3.3K 394 3
                                    

Burmese Translation of Fu Jun You Zhe Dian {夫君,悠着点} by Author 苏行乐.

အခန်း (၄၀)/ ခ

TRANSLATOR - SS
--------------------

ရန်ရှီးထင်အား နန်းတော်သို့ ပို့ဆောင်ပေးပြီးသည်နှင့် ခန်းဟွာမင်းသမီးသည် ရန်အိမ်တော်သို့ ပြန်လာခဲ့လေသည်။

ရန်ကျင်းကတော့ ရန်အိမ်တော်သို့လာသော ဧည့်သည်များကို ဧည့်ခံလျက် သေရည်သောက်နေခဲ့သည်။ ထို့ကြောင့် ရန်ရှီးထင် ရန်အိမ်တော်သို့ အဘယ်ကြောင့် ပြန်လာရသည်ကို သူရော ခန်းဟွာမင်းသမီးပါ မသိလိုက်ကြ။ အကြောင်းကား သူမသည် နန်းတော်တွင်းရှိ မင်္ဂလာအခန်းအနား၌ သတို့သမီး လုပ်နေရမည့်သူ ဖြစ်သောကြောင့်ပင်။

ရန်ရှီးထင် အဘယ်ကြောင့် သူရူးတစ်ယောက်ပမာ သီချင်းဆို၍ ကခုန်နေသည်ကိုလဲ ရန်ကျင်း နားမလည်နိုင်တော့။

"ဘာဖြစ်သွားတာလဲ" ရန်ကျင်း မေးလိုက်သည်။

"အမတ်ချုပ်ရန်၊ အိမ်တော်မှာပဲ သတင်းကို ထိုင်စောင့်နေပါ" အခန်းအနားကျင်းပဦးစီးသော အမတ်က အေးတိအေးစက် ဆိုကာ လှည့်ထွက်သွားခဲ့လေသည်။

ရန်ကျင်းနှင့် ခန်းဟွာမင်းသမီးလည်း နန်းတော်သို့ ဆက်သားအစေခံ စေလွှတ်ကာ ရန်ရှီးထင် အရူးတစ်ယောက်လို ပြုမူနေရသည့် အကြောင်းရင်းကို စုံစမ်းစေသည်။ အစေခံများ ပြန်လာတော့ ပါလာသည်က သတင်းဆိုး။

ခန်းဟွာမင်းသမီး တစ်သက်လုံးမက်လာခဲ့သော အိပ်မက် အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားခဲ့လေပြီ။ သူမ၏ သမီးက ရူးသွပ်သွားပြီး သူမ၏ အစ်မက အသည်းနှလုံးကို ဓားဖြင့် ထိုးလိုက်ချေပြီ။

ရန်ကျင်း ခန်းဟွာမင်းသမီးကို ပါးရိုက်လိုက်တော့သည်။ "အယုတ်တမာမ...! မင်း လုပ်ခဲ့တဲ့ လုပ်ရပ်ကို ကြည့်စမ်း...! သမီးကို ကိုယ်ဝန်ရှိနေသယောင် ဟန်ဆောင်ခိုင်းရဲတယ်၊ ရှင်ဘုရင်ကို လှည့်ဖြားရင် ဘာဖြစ်မယ်ဆိုတာ မသိဘူးလား၊ သေဒဏ်ကွ...!"

"ရှင် ကျွန်မကို ရိုက်ရဲတယ်" ခန်းဟွာ မင်းသမီးက ပြန်မေးလိုက်သည်။

"ကျုပ် မင်းကို သတ်ပါ သတ်ချင်တာ" ရန်ကျင်းက ဆိုသည်။ "မင်းရဲ့ ပြဿနာအရှုပ်ထဲ ကျုပ်ကိုပါ ဆွဲထည့်ခဲ့တာ"

ဉာဏ်များလွန်းသော ခင်ပွန်းသည်Where stories live. Discover now