အခန်း (၃၉)/(ခ)

3.1K 364 0
                                    

Burmese Translation of Fu Jun You Zhe Dian {夫君,悠着点} by Author 苏行乐.

အခန်း (၃၉)/(ခ)

TRANSLATOR - SHARR

--------------------

ပြည့်ရှင်မင်းနဖူးပေါ်က သွေးကြောစိမ်းများ ထောင်နေမှုက နန်းတွင်းသမားတော် ထိတ်လန့်စေသည်။

"အရှင်မင်းကြီး သူ ဘာလို့ သွေးဆင်းနေလဲ ကျွန်တော်မျိုးလည်း မသိပါဘူး၊ ဒါပေမယ့် သူ့မှာ ကိုယ်ဝန်မရှိပါဘူး" နန်းတွင်းသမားတော်က အသံတိုးတိုးလေးဖြင့် လျှောက်တင်လိုက်သည်။

ဘုရင်မင်းမြတ် အသက်ပြင်းပြင်း တစ်ချက်ရှူကာ နန်းတွင်းသမားတော်ကို တွန်းလိုက်ပြီး ပြန်လှည့်လာကာ မိဖုရားခေါင်ကြီးကို စိန်းစိန်းဝါးဝါး ကြည့်လိုက်သည်။

မင်္ဂလာပွဲ၏ ဧည့်သည်အများစုက ရန်ရှီးထင် ကျန်းမာနေတာကို ဘုရင်မင်းမြတ်က ဘာအတွက်ကြောင့် ဒေါသထွက်ရသလဲဆိုတာ နားမလည်ကြချေ။

"မိဖုရားခေါင်ကြီး ရှင်ဘုရင်ကို လိမ်ညာရင် ဘာပြစ်ဒဏ်လဲ သိလား" ဘုရင်မင်းမြတ်က အေးစက်စွာ မေးလာသည်။

မိဖုရားခေါင်ကြီးသည် ဘုရင်မင်းမြတ်ရှေ့တွင် ဒူးထောက်၍ သနားစဖွယ် ငိုကြွေးလာသည်။ "အရှင်မင်းကြီး ကျွန်တော်မျိုးမလည်း အလိမ်ခံခဲ့ရတာပါ၊ ကျွန်တော်မျိုးမ ဘာမှမသိပါဘူး"

မုမိဖုရားသည် မျက်ဝန်းတို့ ကျဥ်းမြောင်းသွားသည်။ သူမ အံ့အားသင့်ကာ မိဖုရားခေါင်ကြီးကိုလည်း မကျေမချမ်း
ဖြစ်ရသည်။ မိဖုရားခေါင်ကြီးကို သူမနှလုံးသားထဲမှသာ ကျိန်ဆဲနိုင်သည်။ "ခန်းသီ ရှင့်ရဲ့အကြင်နာတရားခေါင်းပါးမှုကတော့ အထင်ကြီးလောက်စရာပဲ၊ ရှင့်သားကို ကာကွယ်ဖို့ ဘယ်သူ့ကိုမဆို ရှင် စွန့်လွှတ်လို့ရတယ်၊ ဒါပေမယ့် ဒါက ရှင့် တူမတော်လေ၊ ရှင့် ညီမအရင်းခေါက်ခေါက်ကြီးရဲ့ သမီးလေ၊ ရှင့်မှာ အကြင်နာတရားမရှိလိုက်တာ"

ရန်ရှီးနဥ်နှင့် ဖေ့ကျင်းတို့ တိတ်တိတ်ကလေး အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် သူတို့ခေါင်းများကို ငုံ့ထားလိုက်ကြသည်။ သူတို့ မိဖုရားခေါင်ကြီးရဲ့ ရက်စက်ယုတ်မာမှုကို လျှော့တွက်ထားမိကြတာပဲ။

ဉာဏ်များလွန်းသော ခင်ပွန်းသည်Where stories live. Discover now