Oneshot

1.9K 191 18
                                    

(Unicode)

လွန်ခဲ့သောနှစ်ပေါင်းများစွာက သေးငယ်သော်လည်း လှပသည့်တိုင်းပြည်ငယ်လေးတစ်ခုရှိလေသည်။တိုင်းပြည်၏ဘုရင်ကြီးက ကြင်နာတတ်သလို ဘုရင်မကြီးကလည်း လှပလေသည်။ဒါပေမယ့် သူတို့မှာ ပြသနာတစ်ခုရှိလေပြီး အဲ့အရာက သူတို့ကို စိတ်ဖိစီးစေသည်။ထိုပြသနာကတော့ ကလေးမရှိခြင်းပင်ဖြစ်သည်။

တစ်နေ့မှာ ဘုရင်မကြီးသည် ဘုရားသခင်က သူ့ထံပြန်ဖြေကြားလာသည်အထိ နေ့စဥ်နေ့တိုင်း ဆုတောင်းခဲ့ရှာသည်။

ဘုရားသခင်က သူမကိုပြောကြားလာလေသည်။
"အို လှပတဲ့ချစ်သမီး, သင်..ဘုရင်ကြီးနဲ့ ပထမဆုံးတွေ့ဆုံတုန်းက သူကဘယ်လိုပုံစံလဲ?"

သူမကပြန်ဖြေကြားလေသည်။
"ကျွန်မတို့နှစ်ယောက်စလုံး အဲ့အချိန်တုန်းက ငယ်ရွယ်ပါသေးတယ်...။သူကျွန်မကို ပထမဆုံးတွေ့တုန်းကဆို သူ့အမူအယာက တကယ်ကို ကြောက်ရွံနေတဲ့ပုံပေါက်ပါတယ်...။"

ဘုရားသခင်ကထပ်မေးလေသည်။
"သင်နဲ့သူ မေတ္တာသက်ဝင်သွားတဲ့အချိန်မှာရော သူက ဘယ်လိုပုံစံလဲ?"

ဘုရင်မက ပြန်ဖြေလေသည်။
"အဲ့ဒီအချိန်တုန်းက သူက ဘုရင်တစ်ပါးဖြစ်နေပါပြီ။တိုင်းရေးပြည်ရေးကိစ္စအလုံးစုံကို စီမံခန့်ခွဲနေတည်းက အလွန်အမင်းကို အလုပ်များနေတဲ့သူပါ။"

ဘုရားသခင်ကထပ်မေးပြန်သည်။
"သင်တို့မင်္ဂလာဦးညမှာရော သူကဘယ်လိုပုံစံလဲ?"

ဘုရင်မဟာ ရှက်သွေးဖြာသွားလေသည်။
"အမ်...ဘယ်လိုတောင် ပြောသင့်ပါလိမ့်?အဲ့တာက နည်းနည်းရှက်စရာကောင်းနေပါတယ်"

ထို့နောက်ဘုရားသခင်က သူမကိုပြောလိုက်လေသည်။
"ကောင်းပြီ...သင့်မှာ ကလေးသုံးယောက်ရမယ်။ဒါပေမယ့် သူတွေက မပြည့်စုံဘူး။အဲ့ဒီမပြည့်စုံမှုတွေနဲ့တောင် သင်သူတို့ကို ချစ်ဦးမှာလား?"

ဘုရင်မကတော့ ဧကန်မုချ သူမ၏ကလေးတွေကိုချစ်မည်ဖြစ်သည်။သူမက ဘုရားသခင်ကျေးဇူးတင်ကြောင်းပြောပြီးနောက် ချက်ချင်းမဆိုင်းမတွ ခင်ပွန်းဖြစ်သူကို သတင်းကောင်းပြောပြခဲ့သည်။

You've reached the end of published parts.

⏰ Last updated: Jul 24, 2021 ⏰

Add this story to your Library to get notified about new parts!

အငယ်ဆုံးသားတော်လေး《Oneshotဘာသာပြန်》Where stories live. Discover now