Ch1-Part 1(Unicode)

26.7K 920 77
                                    

တောင်တန်း ရေပြင် မြို့ရွာအထပ်ထပ်ကို ဖြတ်ကျော် လာသည့် လေနုအေးလေးက ခန်းဆီးလိုက်ကာအဖြူလေးကိုကျော်ကာ အခန်းထဲ ကို ဝင်ရောက် လို့လာသည်။
သူရိယနေမင်းကလဲအားကျမခံပါ။
တောက်ပလှသောအလင်းရောင်းကိုပေး၍ အဖြူရောင်လိုက်ကာ လေးကို ပိုမိုတောက်ပအောင် အားဖြည့်ပေးနေ၏။

နွေရာသီ ရဲ့ လေမြူး ဝသုန် နောက်ဝယ် ထိုအဖြူရောင်လိုက်ကာငယ်လေးမှာ ပျော်ရွှင် မြူးတူးစွာ တွန့်ခေါက် ကခုန်လို့ ရှိသည်။

အလွန်ကိုလှပသောမနက်ခင်းလေးပါပဲ။

နွေးထွေးအေးချမ်းသလို တိတ်လဲ တိတ် ဆိတ်လှသည်။
နေရောင်ခြည်ရဲ့ အားအင်အပြည့်ကို ရယူရင်းအိပ်ရာပေါ်မှာ မှေးကာဇိမ်ယူနေနေရာမှ သူသည် နိုးထလာခဲ့၏။
မျက်လုံးနှစ်လုံးဖွင့်လိုက်သည်နှင့် ပထမဆုံးသတိရမိတာက ကန္တာ။
သူ့ဘဝရဲ့အရာရာ ဖြစ်သော လူသား။

ဘယ်သူနဲ့မှ နှိုင်းယှဥ်၍မရသော သူ့ရဲ့ တစ်ဦးတည်းသော လူသားပါပင်။
ငယ်စဥ် အရွယ် မှာ တော့ ဖြူစင် သော မေတ္တာ တွေဖြင့် ခင်မင်ခဲ့ရသူ။
ကြီး လာတော့ အရောင်ပြောင်းလာသော ချစ်ခြင်းမေတ္တာ ဆိုသည့် အလှပဆုံးစကားလုံးလေးလုံးဖြင့် နှလုံးသား ထဲ မှာ အစဥ်သဖြင့် တွယ်ညိ နေရာယူနေသူ။
သက်တံ့ရောင်ဆိုသော သူ့ရဲ့ အနန္တမြတ်နိုးရာလူပါပင်။

ကန္တာ့ကို တွေး လိုက်မိသည်နှင့် အလိုလိုနေရင်း မျက်နှာမှာအပြုံးတို့ တမုဟုတ်ချင်းဖြစ်ပေါ်လို့လာ၏။

ဘာဖြစ်လို့ပြုံးမိတာလဲ မစဥ်းစားနိုင်အား။

ခါတိုင်းနေ့တွေကလိုပင် သတိရနေသော စိတ်တို့ကိုဖြည့်စည်းပေးရန်သာ ရေမိုးချိုး အင်္ကျီအဝတ် အစားသန့်သန့်ပြန့်ပြန့်လဲကာ ‌ ဘေးခြံကို ကူးရန်စိုင်းပြင်ရသည်။
ရှပ်အင်္ကျီအဖြူရောင်လက်ရှည် နှင့် ဂျင်းဘောင်းဘီ ကိုပင် ပေါ့ပေါ့ပါးပါးဝတ်ဆင်လိုက်ပြီး အောက်သို့ဒုန်းဆိုင်းကာဆင်းလာတော့ မနက်စာစားနေသည့် မေမေနှင့်သွားတိုးသည်။

မေမေက သူ့ကို ကော်ဖီ သောက်နေရာ မှသူ့ကိုပြုံး၍ ကြည့်လာပြီး ......

ဝသုန် ဤမြေ တိုင်တည်ခဲ့သည်Where stories live. Discover now