(၁)

7K 572 32
                                    

'' ညနေစာကို Jiwon တို့အိမ်မှာပဲစားလိုက်ပြီ မေမေ ''

လေလှိုင်းထဲကပျံ့လွင့်လာတဲ့ သားဖြစ်သူရဲ့အသံကိုကြားပြီးနောက် Baekhyunအမေက မနိုင်ဘူးဟူသောအတွေးဖြင့် ခေါင်းခါယမ်းလိုက်သည်။

'' အဲ့တော့ ဘယ်ချိန်ပြန်လာမှာလဲ မေမေ့သားက ''

'' ဟီး အခုသားက TV ကြည့်နေတာ၊ ည ၇ နာရီလောက်ဆို Jiwon ဖေဖေက ကားနဲ့ပြန်ပို့ပေးမယ်တဲ့ ''

'' ဟုတ်ပြီ အဲ့ထက်နောက်မကျစေနဲ့နော်၊ ၈ နာရီဆို မင်းဖေဖေပြန်လာမှာ၊ သားကိုမတွေ့ရင် မေမေပါရောပြီးအဆူခံရမှာနော် ''

'' ဟုတ်ကဲ့ပါ မေမေ ''

ဟုတ်ကဲ့ပါတစ်လုံးတည်းဖြင့် အမေလုပ်သူကိုချွေးသိပ်ကာ သူကတော့ သူငယ်ချင်းအိမ်မှာ TV ထိုင်ကြည့်နေသည်တဲ့။

Jiwon ဆိုတဲ့ကောင်လေးက Baekhyun နှင့်ရွယ်တူ။ အလယ်တန်းတည်းက နှစ်ယောက်ကတပူးပူးတတွဲတွဲ။မွေးကတည်းက လူချစ်လူခင်များသည့် Baekhyun ကJiwon တို့တစ်မိသားစုလုံးရဲ့ အချစ်တော်။ တစ်ခါတလေ Jiwon ကိုနိုင်စားလွန်းလို့တောင် တစ်ဖက်မိသားစုကို အားနာရသည်။

Baekhyun ည ၈ နာရီထက်နောက်မကျဘဲ အမြန်ပြန်ရောက်ဖို့သာ အရေးကြီးသည်။Baekhyun အဖေက အိမ်လည်တာမကြိုက်၊ ပြီးတော့ သူ့သားကိုလည်းမျက်စိရှေ့က အပျောက်ခံသူမဟုတ်။

.....

တံခါးဖွင့်သံခပ်ကြမ်းကြမ်းနောက်မှာ အလောသုံးဆယ်ဝင်လာတဲ့သူကို Baekhyun လှမ်းကြည့်မိလိုက်သည်။Jiwon တို့အိမ်ကိုလာလည်တာပဲနှစ်ချီနေပြီ၊ ထိုလူကိုတစ်ခါမှမမြင်ဖူး။

ထိုလူဝတ်ထားသည့် ရှပ်အဖြူရောင်က သွေးစတွေပေနေသည့်အပြင် လက်ဆစ်မှာလည်းပွန်းပဲ့ဒဏ်ရာတွေကမနည်းလှ။ Luggage ကိုကိုင်ထားတဲ့  လက်ဖမိုးကသွေးကြောစိမ်းတွေကိုတောင် လှမ်းမြင်နေရသည်။မျက်နှာကြောကလည်း ခပ်တင်းတင်း။လူကို မျက်မှောင်ကြုတ်ပြီးကြည့်ရအောင် သူကဘာမို့လို့လဲ။သူများအိမ်ထဲကိုလည်း ဝင်လာသေး။

Perfection [COMPLETED] Where stories live. Discover now