{၂၈}U/Z

78.7K 9.3K 1.6K
                                    

Unicode

"ပန်းဦးရေ သမီးအစ်ကိုပြန်မလာသေးဘူးလား"

ဒေါ်ရင်ရင်လတ်က ဘုန်းကြီးကျောင်းမှ သီလခံယူပြီး အိမ်ပြန်ရောက်လာသည့်တိုင် နာရီအနည်းငယ်အကြာမျှအထိ နွေဦးမောင်၏အရိပ်အယောင်ကို မတွေ့ရသေးချေ။
ကျောင်းပိတ်ရက်သာ အိမ်ပြန်လာတတ်သည့်သူမို့ ရှိနေတုန်း အရိပ်တကြည့်ကြည့်ဖြစ်ရသည်။

"ပြန်မလာသေးဘူး မေမေလတ်၊ ခဏနေပြန်လာတော့မှာပါ။"

ပြန်လာမယ်ဟုထင်ရသည့်အကြောင်းကတော့ နွေဦးမောင်က ပိုက်ဆံနှင့်ကားမှလွှဲလျှင် တခြား အဝတ်အစားဘာမှယူမသွားပေ။အနည်းဆုံးတော့ လှိုင်းဘွဲ့သွားမည်ဆိုလျှင်တောင် အဝတ်တော့ပြန်လာယူလိမ့်မည်။ အဲ့သည့်အခါမှသာ မေမေလတ်ကို သူကိုယ်တိုင်ခရီးသွားဖို့ပြောပါစေ။ပန်းဦးကဧည့်ခန်းမှာထိုင်နေဆဲဖြစ်ပြီး TV မှလာသည့် ဇာတ်ကားကို စိတ်မပါတပါကြည့်နေ၏။သူနှင့်ခပ်လှမ်းလှမ်းတွင်လာထိုင်သော ခင်စံပယ်ညိုက သူ့ကို ပျင်းရိစွာ တစ်ချက်ကြည့်လာသည်။ ခင်စံပယ်ညိုကလည်း နွေဦးမောင်အိမ်ပြန်လာတာကို မျှော်နေပုံပင်။

ထိုစဉ် ဆိုဖာဘေးခုံမြင့်ပေါ်၌တင်ထားသည့် ဖုန်းက မြည်လာတာမို့ လက်လှမ်းမှီသည့် ပန်းဦးမေကသာ ဖုန်းကိုင်လိုက်သည်။
"ဟယ်လို.... အွန်း ကိုဥဿပြော.."

"လုပ်ချသွားပြန်ပြီ… ကိုဥဿခဏစောင့်နော် ပန်းဦးအခုလာခဲ့မယ်"

ပန်းဦးမေ ဖုန်းချပြီးသည်နှင့် ခင်စံပယ်ညိုက မေးတော့သည်။
"ကိုဥဿက ဘာလို့နင့်ကိုခေါ်တာလဲ!"

ပန်းဦးမေက ပုခုံးတွန့်ပြကာ
"ကားမောင်းဖို့ခေါ်တာလေ...ဒီအိမ်မှာ ကားမောင်းတတ်တာ ငါနဲ့နွေဦးမောင်ပဲရှိတာကို"

"ဘာကားမောင်းဖို့လဲ"

"ဟင်း.. နွေဦးမောင်က အိမ်ကကားကို လမ်းမှာရပ်ခဲ့ပြီး လိုင်းကားပေါ်တက်သွားလို့တဲ့ သွားယူရမှာ။ ဘယ်သွားလဲဆိုတော့ လှိုင်းဘွဲ့တဲ့။ ရပြီလား။ မေမေလတ်ကို ငါပြန်လာမှပြောပြလိုက်မယ်နော်။"

ပန်းဦးသည် ပြောပြီးသည်နှင့်အခန်းထဲပိုက်ဆံဝင်ယူလိုက်သည်။ကိုဥဿပြောသည့်နေရာကို တက်စီဖြင့်သွားရမည်။အဲ့တာမှ ဟိုရောက်လျှင် တက်စီကိုပြန်လွှတ်ပြီးကိုယ့်အိမ်ကကားကိုပြန်ယူလာရမည်ပင်။

အဓိပတိလမ်းမထက်က မောင့်ခြေရာ{အဓိပတိလမ်းမထက်ကမောင့်ခြေရာ}Where stories live. Discover now