အပိုင်း (၂)

19 1 1
                                    

‘“ ယောင်ချန်း ယောင်ချန်း လာဦးလို့ ””

““လာပြီလို့ ဘာလဲကွာ! ””

““ အအေးဘူး ယူပေးဦး! ဘယ်သူကများ ဟိုးအမြင့်ကြီးထိ တင်ထားရတာတုန်း !
ယဉ်ကျေးမှု မရှိလိုက်တာ ဟွန်း! ””

““အေးပါကွာ ! ငါရှိတာပဲဟာ ငါယူပေးမှာပေါ့။  ””

““ပိုက်ပါတပ်ပေးဦးနော်””

““အင်းပါ ။ ဒါနဲ့ အစ်ကို လေးဘာလေးလည်းတပ်ခေါ်ပါဦး။ မင်းထပ် နှစ်နှစ်တောင်ကြီးတာကို ””

““ဘာတွေလာရောင်းနေတာလဲ မ၀ယ်ဘူး သွား။ ဒါမင်း blogနော် ၊ မင်းအကူအညီတောင်းလို့လည်းလာရိုက်ပေးရသေးတယ်။ ဘာကို အစ်ကိုလာခေါ်ခိုင်းနေတာလဲ ဟွန်း””

““ဟုတ်ပါပြီ အဆိုးအဆာလေးရာ၊ မင်းသဘောအတိုင်းပဲ ဟုတ်ပြီလား””

ယောင်ချန်း သူ့ရဲ့အဆိုးအဆာလေးအအေး သောက်နေတာကိုငေးနေမိလိုက်တယ်။ နီရဲဖူးကြွနေတဲ့နှုတ်ခမ်းထူအမ်းအမ်းလေးတွေက အအေးပိုက်လေးကိုအသာဆွဲငုံလိုက်တာလေးတွေ၊ အဲ့နောက်မှာ ရေမော့သောက်လိုက်တာတောင်မှ ရေးရေးလေးပေါ်ရုံမျှပေါ်လာတဲ့ လည်ဇလုပ်လေးရယ် ။ အားးး အရာရာတိုင်းပါပဲ။ ဘေဘီလေးရဲ့အရာရာတိုင်းက သူ့ကိုညှို့ယူထားနိုင်တာ။ အာ ....ဒါနဲ့ကျွန်တော်ပြောဖို့မေ့သွားတာပဲ။ ဟုတ်တယ်...ဟုတ်တယ် ဘေဘီလေးဆိုတာ သူမသိအောင် ကျွန်တော်သူ့ကိုပေးထားတဲ့ Nicknameလေး။ ချစ်ဖို့ကောင်းလွန်းတဲ့သူလေးနဲ့ လိုက်ဖက်အညီဆုံးအမည်နာမလေးပေါ့ဗျာ။

“ယောင်ချန်း! ယောင်ချန်း! ...... ယောင်ချန်းရေလို့!!!! ”

“ အမ် ဘာ...ဘာလဲ”

“ခေါ်နေတာကြာလှနေပြီ။ ဘာတွေစဉ်းစားနေတာလဲ။ ဒီလောက် first stage က နီးနေတာကို တခြားဟာတွေခေါင်းထဲထည့်နိုင်သေးတယ်နော်။ ဘာလဲ... မင်းပြိုင်ဘက် ငါ့ ကိုအထင်သေးတာလား ။”

“မဟုတ်ပါဘူးကွာ... မင်းကလည်း။ ငါလည်းပြိုင်ပွဲအကြောင်းပဲစဉ်းစားနေတာပါ။ rap line ထည့်ဖို့ ခေါင်းစားနေလို့ ”

“တစ်ကယ်လား”

“အင်းပေါ့” လို့သာဖြေလိုက်ရတယ်။ တစ်ကယ်တော့ယောင်ချန်းစိတ်ထဲမှာ မလုံမလဲရယ်။

“လာ သွားကြစို့။ ပြီးကျရင်ဒီဆရာကြီးက ကူစဉ်းစားပေးမယ် ။ အခုလောလောဆယ်တော့ မင်းရဲ့ဒီ blog ကိုပြီးအောင်အရင်ရိုက်ကြဦးစို့ ”

“အင်းပါဟုတ်ပါပြီ။ နန်နန်! တစ်ကယ်လို့ မင်းကိုယ်မင်းမဟုတ်ဘဲ တစ်ခြားတစ်ယောက်ကို နံပါတ်တစ် နေရာပေးရမယ်ဆို မင်းဘယ်သူ့ကိုပေးမှာလဲ”

ယောင်ချန်းမေးသာမေးလိုက်ရတယ်။ သူ့ရင်ထဲမှာတော့စိုးထိတ်မိနေဆဲ။

“မင်းလေ! မင်းပေါ့! ငါ့ရင်ထဲမှာတော့ မင်းဆိုတဲ့အစ်ကိုယောင်ချန်းက နံပါတ်တစ် ပဲ”

ပြုံးပြုံးလေးဖြေလာတဲ့ မျက်နှာလေးကို ကြည့်ရင်း ကျွန်တော့မှာတော့ မတ်တပ်ကြီးမေ့နေလို့။ ကျွန်တော့်အဆိုးအဆာလေးကတော့ ဘာတွေသဘောကျနေမှန်းမသိ တစ်ဟားဟား အော်ရယ်လို့။ ဒီလိုနဲ့ အင်း...ဒီလိုနဲ့ပါပဲပေါ့ ကျွန်တော်ဟာ ဖုန်းမရှိ ၊ အပြင်ထွက်လည်ခွင့်မရှိ ၊ မအိပ်မနေ ကြိုးစားနေရတာတောင်မှ သူနဲ့အတူတူရှိနေနိုင်ပါလားဆိုပြီး အရူးတစ်ယောက်လိုကျေနပ်စွာနဲ့ပဲ Chaung ရဲ့ လေ့ကျင့်ရေးကာလတွေ ပျော်ပျော်ကြီးဖြတ်သန်းနေမိ‌တော့ပါပဲ။

You've reached the end of published parts.

⏰ Last updated: Aug 19, 2021 ⏰

Add this story to your Library to get notified about new parts!

ကိုကို့ဂျစ်တူးလေးWhere stories live. Discover now