{၂၉}U/Z

78.5K 9.6K 1.9K
                                    

Unicode

အတိတ်ကမှတ်ဉာဏ်များသည် စောနရီအဖို့တော့ဝေဝါးလျက်ရှိသည်။
ဖွံ့ဖြိုးမှုနှေးပေမဲ့လည်း အပါးနှင့်ပက်သတ်သည့်နောက်ဆုံးသောမှတ်ဉာဏ်က ဖခင်၏ရင်ခွင်ထဲ တရှုံ့ရှုံ့ထိုင်ငိုနေတုန်းကဖြစ်မည်။

အမိုးက တန်ဖိုးကြီးဆွဲကြိုးကို သူများဆီကယူလာတယ်ထင်ပြီး ရိုက်တုန်းက အပါးကပင် သူ့ကိုကာကွယ်ပေးခဲ့တာ။ ဘာမှနားမလည်သည့်ကလေးဘဝတွင် အပါးက သူ့ဘဝရဲ့ ပထမ မဏ္ဍိုင် ဖြစ်ပြီး အမိုးက သူ့ရဲ့ဒုတိယမဏ္ဍိုင် ။
အပါးက သူလေးစားအားကျရသည့်တစ်ဦးတည်းသောသူ။ အပါးကသူ့အတွက် သူရဲကောင်းတစ်ဦးလို၊ တံတိုင်းကြီးတစ်ခုလို။ တွန့်ရာကြေရာတွေနဲ့ပုံတစ်ခုမှာ လေးထောင့်ဆန်သည့် ဖခင်၏မျက်နှာမှာ ပြုံးရိပ်လေးထင်နေသည်။
ဘုရားပေါ်ကမိသားစု ဓာတ်ပုံက နောက်ဆုံးသော ရိုက်ချက်လေးဖြစ်မယ်မှန်းဘယ်သူက ကြိုသိနိုင်ခဲ့မလဲ။ သူ့မှာအပါးအတွက် နောက်ဆုံးသောမှတ်ဉာဏ်က ဘုရားဖူးပြီး အိမ်အပြန်ကားပေါ်မှာ အပါးက ငိုနေသည့်သူ့ကို စိတ်ရှည်လက်ရှည်ချော့တုန်းကဖြစ်ရမည်။

°°°°°°°

"ချော ကကွာ။ကလေးကိုမရိုက်ပါနဲ့။ သေချာမေးဦးမှပေါ့။"

စောဟင်နရီက အရိုက်ခံထားရသည့် စောနရီ၏ဖင်လေးကိုသာသာပွတ်ရင်းငြူဆူသည်။
မချောကြည်ကတော့ ပျောက်သွားသည့်ကလေးကို ပြန်တွေ့ပြီး အပူသောကနှင့်အတူ လိုက်ပါလာသည့် ဒေါသက လက်ဖဝါးကရိုက်ချက်အပေါ် အားပါသွားစေခဲ့မှန်းသိတာမို့ ခပ်ဆိတ်ဆိတ်သာနေခဲ့သည်။

စောနရီကတော့ ကားပေါ်ရောက်သည်အထိ ဖအေ့ပုခုံးပေါ်တွင် တအင့်အင့်ရှိုက်နေဆဲပင်။
ကားပေါ်တွင် စောနရီကို ပေါင်ပေါ်တင်ရင်း  စောဟင်နရီက သတင်းထောက်ပီပီ စကားတတ်စွာ
ကလေးကိုချော့မြူသည်။

စောဟင်နရီက ကရင်စစ်စစ်ပေမဲ့ ဗမာစကားလည်ဝယ်သည်။ ရုပ်ကလေးကလည်းသန့်သည်မို့ ကျောင်းသားဘဝတွင်လည်း ရေပန်းစားခဲ့သည်။ကလေးတစ်ယောက် ဖခင်ဖြစ်သည့်တိုင် အရှိန်အဝါက ကျမသွားသေးပေ။မြန်မာစာနှင့်ကျောင်းပြီးခဲ့ပြီး ဘွဲ့ရပြီးနောက် မချောကြည်ကို ခိုးပြေးခဲ့ကာ နှစ်ဦးသားရုန်းကန်ခဲ့သည်။ အခြေအနေတစ်ခုရောက်သည့်အချိန်တွင် တိုက်ဆိုင်စွာမချောကြည်တွင် ကလေးရှိလာတာမို့ ဝမ်းသာစွာပဲ ကြိုဆိုခဲ့သည်။ သားဦးလေး စောနရီက သူ့ဘဝအတွက်အဖိုးတန်လှသည်။

အဓိပတိလမ်းမထက်က မောင့်ခြေရာ{အဓိပတိလမ်းမထက်ကမောင့်ခြေရာ}Where stories live. Discover now