[ 3 ]

265 27 1
                                    


[ZAWGYI]

သူငယ်​ချင်း​တွေဖြစ်​တဲ့Jay,မီ​ယောင်းနဲ့ဒုံဟာကို​လျှောက်​လည်​ရ​အောင်​ဖုန်းဆက်​​ပြောအပြီး ဆုံ​နေကျစား​သောက်​ဆိုင်​တစ်​ခုမှထိုင်​​စောင့်​​နေလိုက်​သည်​။

ခနကြာ​တော့မီ​ယောင်းနဲ့ဒုံဟာ​ရောက်​ကာသူ့​ရှေ့ကခုံမှာဝင်​ထိုင်​ကြသည်​။

" Jake!.. ​Jay​ရော? "

" လာလိမ့်​မယ်​​လေ နည်းနည်း​နောက်​ကျမယ်​​ပြောတယ်​ "

" အဲ့တာဆိုတစ်​ခုခုမှာရ​အောင်​ ငါမနက်​တည်းက
ဘာမှမစားရ​သေးဘူး "

မီနူးစာအုပ်​ကိုင်​ကာစကားများ​နေတဲ့သူငယ်​ချင်းနှစ်​​ယောက်​ကိုကြည့်​ရင်းက​နေ ဆိုင်​​ရှေ့ကိုအကြည့်​​ရောက်​​တော့ သူမျက်​ဝန်းတို့အနည်းငယ်​ကျယ်​သွားရသည်​။

ထူးခြားဆန်းပြားတဲ့မြင်​ကွင်းမျိုး​တော့မဟုတ်​​ပေမယ့်
ရိုးရှင်းပြီးအ​တော်​လှတဲ့မြင်​ကွင်း။

ဆိုင်​မှန်​တံခါးကိုတွန်းဖွင့်​ပြီးဝင်​လာတဲ့​ကောင်​​လေးတစ်​​ယောက်​။သူ့လိုညိုတိုတိုဆံပင်​မဟုတ်​ပဲနက်​​မှောင်​တဲ့ဆံပင်​​လေး​တွေက​လေအ​ဝေ့မှာဝဲလို့။
ဝတ်​ထားတဲ့အဖြူ​ရောင်​ပွပွအကျီ​နဲ့ဖြူစွပ်​တဲ့အသား​ရေည်​​ဟာတစ်​ထပ်​တည်းကျပြီး ကောင်းကင်​ကဆင်း
လာတဲ့နတ်​သား​လေးပါလို့ ​ပြောရင်​​ခေါင်းညှိမ့်
ပြီးယုံမိမှာ။

သူ​ငေး​ကောင်း​နေတုန်းရှိ​သေး ထို​ကောင်​​လေးက​တော့သူတို့စားပွဲဝိုင်း​ဘေးက​နေဖြတ်​သွားပြီး ​ကောင်​တာဆီတည့်​တည့်​မတ်​မတ်​သွားတယ်​ တစ်​ခုခုမှာ​နေတယ်​။

အကဲခတ်​​တော်​တဲ့သူ့အမြင်​အရ မျက်​​မှောင်​ကြုတ်​ထား​သော​ကောင်​​လေးသည်​စိတ်​မကြည်စရာ
ကိစ္စတစ်​ခုခုရှိခဲ့ပုံ။

သူထိုင်​​နေရာက​နေ သမင်​လည်​ပြန်​ကြီး ထိုနတ်​သား​လို​ကောင်​​လေးရဲ့​ကျောပြင်​ကို​ငေး​ကောင်း​ကောင်းနဲ့​ငေး​နေမိသည်​။စိတ်​ထဲမှာရုတ်​တရက်​ ညည်းလိုက်​မိတဲ့သံစဉ်​​လေးဟာ " Hey Beautiful Beautiful Beautiful Beautiful Angel "

THE MOVIE: ᴊαᴋewoɴWhere stories live. Discover now