ကောင်စုတ်လေး!မင်းစောင့်နေလိုက်!!!-1

1K 80 0
                                    

Chapter 21: ကောင်စုတ်လေး! မင်းစောင့်နေလိုက်!!!-1

___________________________________________

ထိပ်တန်းမီဒီယာကုမ္ပဏီတစ်ခု...အမ်း..အတိအကျပြောရရင် ကောင်စုတ်လေးမှာ အလုပ်ကောင်းကောင်းတစ်ခုရှိတာပဲ..အနည်းဆုံးတော့ သူကလွတ်လွတ်လပ်လပ်ရှိပြီး အလွယ်တကူပြောင်းလဲနိုင်တဲ့အပြင် သာမန်ကုမ္ပဏီလေးကတောင်မှ သွားလာခွင့်ပေးဆောင်ရသေးတယ်..

အထက်ပါအချက်တွေက စုစစ်ယန်၏ကုမ္ပဏီထဲကို လျှောက်ဝင်သွားစဉ် ဖြစ်ပေါ်လာသည့် လင်ကျန်းရီ၏အတွေးများဖြစ်သည်။

ဧည့်ကြိုကောင်တာရှိအမျိုးသမီးသည် အထဲကိုဝင်လာသည့် လင်ကျန်းရီကိုမြင်လိုက်ရသည့်အခါ သူမ၏မျက်လုံးများကတောက်ပလာသည်။
ဝေါင်း အရမ်းအရမ်းကိုခန့်တဲ့ချောတဲ့ ခန့်ချောအစ်ကိုကြီးပဲ!

အမ်? ခဏနေပါအုံး သူ့ကိုကြည့်ရတာ ရင်းနှီးနေသလိုပဲ..

ဥက္ကဌလင်! ဘုရားရေ..အဲတာ လင်းရှီစီးပွားရေးလုပ်ငန်းစုက ဥက္ကဌမလား !!!

လတ်တလော ရောင်းအားအမြင့်ဆုံး ဖျော်ဖြေရေးမဂ္ဂဇင်းရဲ့အဖုံးကလူက သူမလား!
ခန့်ညားပြီးချောတယ် ချမ်းသာတယ် ပျူငှာပြီးနူးညံ့သိမ်မွေ့တဲ့ပုံလေးနဲ့ သူကမရေမတွက်နိုင်တဲ့ မိန်းကလေးတွေရဲ့စိတ်ထဲက ဆွဲဆောင်မှုရှိတဲ့ မင်းသားလေးပဲ!

သူအခု ဒီကိုဘာလာလုပ်တာတုန်း? သူတို့ကုမ္ပဏီကမသေးပေမယ့်လည်း လင်းရှီစီးပွားရေးလုပ်ငန်းစုနဲ့ဆိုရင်တော့ မနှိုင်းယှဉ်ရဲပါဘူး!

ဖြစ်နိုင်တာက အတွင်းသတင်း(အတင်းအဖျင်း)တစ်ခုခုများကြားခဲ့လို့လား?

ဧည့်ကြိုမိန်းကလေး၏အပြုံး၏ပို၍ နူးညံ့သိမ်မွေ့လာပြီး ရှက်ရွံရိပ်သန်းလာသည်။လင်ကျန်းရီက သူမအနားကိုရောက်လာပြီး သူမကိုကြည့်ကာ ပြုံးလိုက်စဉ်မှာပေါ့။

"Hello ကျွန်တော် စုစစ်ယန်ကိုရှာနေတာပါ သူ့ကိုခေါ်ပေးလို့ရမလား"

လင်ကျန်းရီက ယဉ်ကျေးစွာပြောခဲ့သည်။သူကရုပ်ချောတဲ့လူတစ်ဉီးဖြစ်ရကား ထိုသို့အသိစိတ်ရှိမည်မထင်ခဲ့သဖြင့်သူ့မျက်နှာပေါ်ကအပြုံးကို မြင်လိုက်ရစဉ် အားလုံးက အံ့အားသင့်သွားခဲ့ရသည်။
(T/N - ရုပ်ချောတော့ မာနကြီးမယ်ထင်ထားတဲ့သဘောပါ)

"ကောင်းပါပြီ"

ဧည့်ကြိုမလေးက ချက်ချင်းပင် သူတောင်းဆိုတာကို လက်ခံလိုက်သည်။နောက်ပြီးသူမသိလိုက်ရတာက သူရှာနေတဲ့လူက အလုပ်မလာတာ ရက်ပေါင်းများစွာရှိပြီဆိုတာရယ် အခြားလူတစ်ဉီးက သူ့အစား ခွင့်တိုင်ပေးသွားတာဆိုတာရယ်ဖြစ်သည်။

"စိတ်မကောင်းပါဘူး စုစစ်ယန် အားလပ်ရက်ခွင့်ယူထားပါတယ်ရှင်"

ဧည့်ကြိုမလေးကတောင်းပန်လိုက်ပြီးနောက် သူမစိတ်ထဲကနေ အတင်းပြောလိုစိတ်များပေါက်ဖွားလာသည်။
ဥက္ကဌလင် ဘာလို့များ စုစစ်ယန်ကိုလာရှာရတာပါလိမ့်..။ စုစစ်ယန် ဘယ်သူဆိုတာ သူမသိသည်။သူက အကောင်းမြင်စိတ်ရှိပြီး ချောမောတဲ့လူငယ်လေးဖြစ်သည်။ဒါပေမယ့် သူကမိဘမဲ့လို့ပြောခဲ့တာပဲမလား..ဘယ်လိုလုပ်ပြီး ဥက္ကဌလင်လို အင်အားကြီးတဲ့လူနှင့် သိကျွမ်းနေရတာတုန်း.. ကြည့်ရတာ စုစစ်ယန်က လင်းရှီလုပ်ငန်းစုဒါရိုက်တာရဲ့ တရားမဝင်သားများလား! လင်းရှီလုပ်ငန်းစုရဲ့ ဥက္ကဌလင်က စုစစ်ယန်နှင့်ညီအစ်ကိုတွေများလား..!

___________________________________________

Translated by chu chu

#Yaw_Ywet_Kway(Zulay)
#Words.891

ငါမင်းကိုတာဝန်မယူစေချင်ဘူး! //IDWYTBR!// [ဘာသာပြန်]Where stories live. Discover now