/ 9 /

2.3K 466 21
                                    

Unicode

နောက်ဆုံးတွင် လင်းရှီ လက်သီး တင်းတင်းဆုပ်ပြီး အော်လိုက်မိသည်။

"မလိုက်ဘူး!! သူတို့ လုံးဝ မလိုက်ဖက်ဘူး!"

ကျန်သုံးယောက်မှာ လင်းရှီကို ကြောင်အစွာ ကြည့်လိုက်သည်။ ထန်ရိက ပထမဆုံး သတိဝင်လာသူ ဖြစ်ပြီး ကျန်သူများအစား မေးခွန်းမေးလိုက်သည်။

"ဒါဆို ငါ့ကိုပြော~ ဘယ်သူ ဖြစ်နိုင်မှာလဲ?"

"အဲ့လူက လုံးဝ ဖန်းရို့လျန် မဟုတ်ဘူး!"

လင်းရှီ၏ မျက်နှာမှာ နီရဲလာကာ လည်ချောင်းမှ အာဒံ ပန်းသီးစေ့လေးက အထက်အောက် ရွေ့လျားသွားရသည်။

"တကယ်လို့ သွမ့်ရှန်း လက်ထပ်တဲ့ တစ်ယောက်က ငါဆိုရင်ရော???"

လေးယောက်လုံး တိတ်ဆိတ် သွားရတော့သည်။

လင်းရှီ မေးစေ့လေးကို အနည်းငယ်မော့ကာ ထိုသုံးယောက်အား သတိပေးလိူက်သည်။

"တခြားသူတွေကို သွား လျှောက်မပြော.."

လုရှီကျဲက သူ့စကားကို ကြားဖြတ် ဝင်လာလေသည်။

"အကယ်၍ မင်းသာ သွမ့်ရှန်းနဲ့ လက်ထပ်ထားတာ အမှန်ဆို ငါ သာ့အစ်ကို ပြန်ပြီးတောင် လက်ထပ် ပြလိုက်အုံးမယ်!"

ထိုစကားကို ကြားသည့် ထန်ရိနှင့် လုလင်းရှင်းမှာ ထရီလေတော့သည်။

လုလင်းရှင်း မျက်နှာနီရဲနေသည့် လင်းရှီ၏ နောက်ကျောကို အသာပုတ်ပေးလာသည်။

"ကော့တေးက အရမ်းပြင်းလို့လား?"

စကားဝိုင်းရှိ အကောင်စုတ် သုံးယောက်လုံးက သူ့စကား တစ်ယောက်မှ မယုံကြပေ။ စိတ်ပေါက်ပေါက်နှင့် လင်းရှီ ကောင်တာက ဝိူင်ပုလင်း တစ်လုံးကို ဆွဲ၍ မော့ချမိလိုက်သည်။

ခဏကြာပြီးနောက် လင်းရှီ၏ တစ်ဝိုက်၌ ဝိုင်ပုလင်းများ စုပုံလာတော့သည်။ လက်ထဲက ပုလင်း၏ နောက်ဆုံးလက်ကျန်ကို သောက်လိုက်ပြီးနောက် လင်းရှီ ပုလင်းများကို ဖယ်ကာ ထရပ်လိုက်သည်။

"ဘယ်သွားမလို့လဲ?"

ဘေးနားမှ လုလင်းရှင်းက သူ့လက်ကို ဆွဲ၍ မေးလာသည်။

Spice Of Love (ဘာသာပြန်)Where stories live. Discover now