Part 2

18 2 0
                                    

||Part -2 Ending ||

သူပထမဆုံးပြောလာခဲ့တာက...
လွမ်း... နင်းအရမ်းခန့်ညားတာပဲ လှလိုက်တာ တဲ့ ။
ကျွန်တော့နာမည်က လွမ်းလေပြေ တဲ့ ခင်ဗျားတို့ကိုမိတ်ဆက်ဖို့မေ့နေတာ ။ သူကလွမ်းလို့ခေါ်တယ် ။

ပြီးတော့သူ တကယ်ကိုအံ့သြနေတာဗျ။ ကျွန်တော်ကကြည့်ကောင်းလွန်းလို့လား (ဒါမှမဟူတ်) သူလည်းကျွန်တော့်လိုရင်ခုန်နေမိလားဆိုတာ သိချင်မိတာအမှန်ပဲ ။ ကျွန်တော် သူ့အပေါ် ဒီလောက်ထိပြောင်းလဲပစ်ပြီး ချစ်ရေးဆိုမယ်လို့ သူလည်းမထင်ထားလောက်ဘူးလေ ။
သူတိူ့အိမ်ကလည်း နည်းနည်း လွတ်လပ်ခွင့်ပေးမယ်တော့ထင်တယ် ။ သူ့စိတ်ကြိုက်ရွေးခွင့်ရမယ်ထင်တယ် ။ ငါသိပ်ဖိအားမပေးပါဘူး နင့်သဘောတိုင်းငါလိုက်လျောနေမှာပါ ဆိုတော့ သူမျက်ရည်လက်လက်ကလေးဝဲနေတာ သတိထားမိလိုက်တယ် ။ ဘာလို့လည်းဆိုတာ ကျွန်တော်မသိဘူး ။ ကျွန်တော်လက်ဖျားတွေအေးစက်လာပြီး ရင်ကနဂိုထက်ပိုခုန်နေတယ်။ ဟင့်အင်းကျွန်တော်မသိချင်ဘူး မကြားချင်တော့ဘူးဘာမှ လို့စိတ်ထဲက တွေးမိပြီး အဲ့နားကနေခဏခဏ ထွက်ပြေးနေမိတယ် ။ ဒါပေမယ့်ကျွန်တော်ခြေဖဝါးဟာ တစ်လှမ်းလေးမှမရွေ့ခဲ့ရဘူး လေ ။ ငါက နင့်ကိုသိပ်ချစ်ပါတယ်တဲ့ ဒါပေမယ့် နင်ရယ်ငါရယ်မိန်းကလေးဆိုတော့ နင်ဘယ်လောက်ပြောင်းလဲထားပါစေဦးပတ်ဝန်းကျင်ကပြောမယ့်ဒဏ်တွေနင်ခံနိုင်လို့လားလွမ်းရယ် တဲ့။
"နင်သေချာစဥ်းစားကြည့် ငါအဲ့ဒီအရာတွေမှုရင် နင့်ကို ခုလိုတောင်လာတွေ့နေမှာမဟုတ်သလိုငါ့စိတ်ကိုငါပြောင်းလဲပစ်တာကြာပီပေါ့ ငါမဖြစ်ဘူး နင်ဖြစ်နေတာ ဧကရီ နင် ကြောက်နေတာ ။ ေအးပေါ့ဟာ နင်ကတော့ဘယ်လက်ခံနိုင်ပါ့မလည်း နင်တအားလှတော့နင့်နားမှာက သိပ်လှတဲ့သိပ်တော်တဲ့ယောကျာ်းတွေဝန်းရံနေတာ ငါဆိုတဒ့အနုတ်တရမက နင့်အချစ်ကို မှန်းမိတာကိူး ဟ ။ငါလည်း ငါတို့ရဲ့သံယောဇဥ်ကိုပိုမြဲချင်လွန်းလို့ ခုလိုတေလုပ်မိတာ ငါ့ရင်ခုန်သံအတိုင်းငယပြောနေမိတာပါဟာ ။ "
"လွမ်းနင်ကလည်း အဲ့လိုမပြောပါနဲ့ ။ ငါဘယ်သူ့ကိုပြန်ကြိုက်ဖူးလို့လည်း ပြီးတော့ငါတို့ခုမှဆယ်တန်းအောင်ပြီးလို့ နားနေတာ ။ ငါ ဘယ်ယောကျာ်းလေးကိုမှစိတ်မဝင်စားခဲ့သလို ဘယိသူချဥ်းကပ်တာမှခံခဲ့တာမဟုတ်ဘူး နင်အသိဆုံးပဲ ။ နင့်နားမှာပဲငါစွဲစွဲလန်းလန်းနေခဲ့တာလေ ။ "

သူမအသံတုန်ယင်နေတယ် ဝမ်းနည်းသံစွက်နေတယ် ။ဘာလို့လည်း သူ့ကိုကျွန်တော်ပြောတာလွန်ကုန်ပြီထင်တယ် ။ ခေါင်းကိုငုံ့ထားမိတယ်။

"နင်တကယ်မမှုတာသေချာလားလွမ်း "
ကျွန်တော်ခေါင်းကိုတဆတ်ဆတ်ညိတ်ပြလိုက်မိတယ် ။ ဘယ်နှချက်မှန်းတောင်မသိ ခေါင်းကိုမူးနောက်ကုန်တယ် ။

"ငါလည်းနင့်ကိုဝန်ခံစရာရှိတယ် ဒါကငါ့မေမေလည်းသိတယ် ငါ့အသိုင်းအဝိုင်းကလည်းလက်ခံတယ် ။ အမှန်တော့ ငါလည်း မိန်းကလေးချင်ပဲစိတ်ဝင်စားတဲ့ lesbian ပဲ ။ နင်နဲ့တွေ့တော့လည်း နင့်ကိုပဲ ခင်ချင်ခဲ့တာ ။ ဒါပေမယ့်နင်သိသွားရင် ငါ့ကိုအထင်သေးမှာကြောက်တယ် ။
မေမေကိုလည်းမပြောပြဖို့ငါပဲမှာထားတာ ။ ငါနင့်ကိုရင်ခုန်ခဲ့တာ ကိုးတန်းတည်းက ။ ဒါပေမယ့်ငါ နင်နဲ့ဝေးမှာကြောက်လို့ ငါ့ကိုမခင်ပဲချန်ခဲ့တော့မှာကြောက်လို့ တိတ်တိတ်လေးနေတာ ။ နင်ကငါ့အတွက်ခုလောက်ထိပြောင်းပြီး ချစ်ရေးဆိုမယ်လို့ငါမတွေးခဲ့မိတာအမှန်ပဲလွမ််း ။ ငါလေနင့်ကိုသိပ်ချစ်တယ် လွမ်း ။နင်စိတ်ပျက်သွားမျာငါအကြောက်ဆုံးပဲ ။ နင်ငါ့ကိုကတိပေးနိုင်လို့လား ငါ့ကိုမထားခဲ့ပါဘူး ငါကလဒွရင်မချစ်ပါဘူးလို့ ပေးနိုင်လို့လား ။"

ငို၍ပြောချလာသောသူမစကားများကြားကာ ကျွန်တော်တကယ်ကိုအံသြနေမိတာပါးစပ်ထဲယင်ကောင်ဝင်ဥမတတ်ပဲ ။ ခင်ဗျားတို့သိလား အဲ့ခံစားချက် အပျော်လွန်တဲ့ခံစားချက် ။ တွေးကြည့်ပါဗျာ သူလည်းကျွန်တော့်ကိုကြိတ်ကြိုက်နေတာ ။ ကဲ ကျွန်တော် တော်တော်ပျော်နေပြီ ။ သူငိုနေတော့လည်း မနေနိုင်ဘူး အသာလေးဖက်ထားလိုက်ပြီး

"ငါကတိပေးတယ် နင့်ကိုငါအချစ်ဆုံးပဲ ကျောင်းလည်းတူတူတက်ရမှာပဲဟာနင်နဲ့ငါတစ်ခန်းတည်းနေရမှာလေ ။ ငါဘသူ့မှမမှုဘူးနင်နဲ့ပတ်သက်ရင်နင့်ကိုပဲဦးစားပေးမယ် ။ ဘယ်တော့မှလည်းမခွဲဘူး ။ မငိုပါနဲ့တော့နော် ဟီး ငါချောတယ်မလား ။ ကြည့်ပါဦး ချစ်တုံးလေးအူကြူးလေးရဲ့။ ".
သူက ကလိထိုးရင်ယားတတ်တာသိတော့ကလိထိူးလိုက်တာ တခစ်ခစ်ရယ်သံလေး ဘာဘီရုပ်လေးဆီကကြားလိုက်ရပါတယ်ဗျာ ။ ရယ်သံတွေလွင်သွားတယ် ။

After Four years later ->>>>>
မေမေရေသမီးတိူ့ဒိိမှာ

ဘွဲ့နှင်းသဘင်ခန်းမထဲမှာ အပြုံးတွေကိုယ်စီနဲ့...

ငါဆုတောင်းသလိုဆုတောင်းလေးလည်ပြည့်မယ်ထင်တယ်
ဒီခန်းမကနေ မဂ်လာခန်းမထိငါတို့အတူတူလက်တွဲပြီးဒီလိုပြုံးပျော်နိုင်မယ်ဆိုတာငါယုံတယ် ။
ပြီးပါပြီ။ ။

Note|| ကိုယ့်ခံစားချက်ကိုယ့်နေထိုင်မှု ကိုယ့်စရိုက်ကိုယ့်အကျင့်ကိုပါယ်ဖျောက်မထားပါနဲ့ကိုယ့်လွတ်လပ်ခွင့်နဲ့ကိုယ်မို့ နေထိုင်ပါ ။||

You've reached the end of published parts.

⏰ Last updated: Jul 26, 2021 ⏰

Add this story to your Library to get notified about new parts!

ဧကရာဇ်ရဲ့လေပြေပန်း Where stories live. Discover now