*Ring Ring Ring*
''Hello"...
"Hello Baby ဘာလုပ်နေလဲ "
"ဘာရယ်တော့မဟုတ်ပါဘူး ဒီလိုဘဲ Insta မှာဟိုကြည့်ဒီကြည့်လုပ်နေတာ"
"အဲ့ဒါများ ကိုယ့်ကိုဖုန်းဆက်လိုက်တာမဟုတ်ဘူး ကိုယ်က Baby အလုပ်များနေတယ်ထင်နေတာ တစ်ခါတစ်လေ ဆက်ဖူးတယ်ရှိအောင်ကိုယ့်ကိုဖုန်းဆက်ကြည့်ပါလား "
"မဟုတ်ပါဘူး အိမ်မှာ Mommy တို့ကတစ်ချိန်လုံးလိုက်ကြည့်နေတာနဲ့ မလွတ်လပ်ဘူးဖြစ်နေတာ "
20 mins later -
"အွန်း အွန်း အဲ့ဒါဆိုဒါဘဲနော် Baby "
"အွန်း"
"Baby..."
"Humm..."
"ကိုကို့ကို ချစ်လား "
"....."
အဲ့ဒါပါဘဲ ကျွန်တော့ချစ်သူကတော့ ချစ်လားလို့ လွမ်းလားလို့မေးတဲ့အချိန်ဆိုရင်အမြဲတိတ်ဆိတ်သွားတတ်တယ် ဘာလို့မပြောတာလဲလို့မေးမိရင်သူပြန်ဖြေတာတစ်ခွန်းတည်းပါဘဲ 'ရှက်လို့' တဲ့...
ကျွန်တော့ချစ်သူကအိမ်မပိုင်တဲ့ကောင်လေးတစ်ယောက် အနေကလည်းအေးသေးတယ် ဖုန်းပြောရင်လည်း ကျွန်တော်ကဘဲဒိုင်ခံပြောရတာပါ သူကတစ်ခွန်းစ နှစ်ခွန်းစဘဲပြောတယ် ကျွန်တော်ပြောတာတွေကိုဘဲနားထောင်တယ် တစ်ခါတစ်လေတော့အားမလိုအားမရဖြစ်မိတာပေါ့
ဒါပေမယ့်လည်း ဒီကောင်လေးကိုမှချစ်မိနေတော့လည်းမတတ်နိုင်ဘူးပေါ့ ကျွန်တော့ချစ်သူကတကယ်ချစ်စရာကောင်းတာဗျ ပါးဖောင်းဖောင်းလေးတွေရယ် မျက်လုံးလေးတွေကမှေးမှေးလေးတွေဆိုပေမယ့် ကြယ်လေးတွေလိုအမြဲတောက်ပနေတတ်တယ် နှုတ်ခမ်းပါးပါးလေးတွေကလည်းစကားပြောရင်အရမ်းချစ်ဖို့ကောင်းတာ ကလေးလေးလိုဘဲမို့ သူဘာလုပ်လုပ်ကိုအပြစ်မမြင်မိပါဘူး ။ ကျွန်တော့ချစ်သူ Kim Seungmin ကတကယ်မြုံစိစိ ဒါပေမယ့်ချစ်ဖို့ကောင်းတယ် စိတ်ထားလေးကလည်းနူးညံ့တဲ့ကျွန်တော့ချစ်သူရယ်ပါ ။
***************************************
* Call ended *
သူမေးတဲ့ ' ချစ်လား ' ဆိုတဲ့စကားကိုပြန်ဖြေဖို့တွေဝေနေဆဲမှာဘဲ ဖုန်းကျသွားတယ်
သူ့စိတ်ထဲမှာကျွန်တော့ကိုစိတ်ခုသွားမှာတော့စိုးမိပါတယ် ဒါပေမယ့် ကျွန်တော်လည်းမတတ်နိုင်ခဲ့ဘူး ကျွန်တော်က ချစ်တယ် လွမ်းတယ်ဆိုတဲ့စကားစုလေးတွေကိုတောင် ပါးစပ်ကနေထုတ်ပြောဖို့အတွက္မဝံ့မရဲဖြစ်နေမိတတ်တယ် ။
YOU ARE READING
On & Off
Fanfictionကိုယ့်ဘက်ကဘဲအရာရာနားလည်ပေးပြီးသည်းခံရတာကြာလာရင်ပင်ပန်းလာမိတယ်...