အခန်း (၄၄)

3.1K 361 1
                                    

Burmese Translation of Fu Jun You Zhe Dian {夫君,悠着点} by Author 苏行乐.

အခန်း (၄၄)

TRANSLATOR - SHARR

--------------------

ရန်ရှီးနဥ် မင်းသမီးခန်းဟွာ၏ အိပ်ခန်းဆောင်ထဲသို့ ဝင်လိုက်သည်။

အိပ်ခန်းဆောင်ကား တိတ်ဆိတ်ကာ ဖုန်တက်နေသည်။ မင်းသမီခန်းဟွာက ရန်ရှီးနဥ်ကို ကြည့်၍ အေးစက်စက် ရယ်မောလိုက်သည်။ မာနကြီးလှသော မင်းသမီးခန်းဟွာက အုတ်ဂူထဲ ဝင်ချင်လိမ့်မည်ဟု သူမ မထင်။

"ဒီကို ဘာလို့ လာတာလဲ" မင်းသမီးခန်းဟွာက အေးစက်စွာ မေးလိုက်သည်။

"ရှင် ဘယ်လိုသေမလဲ လာကြည့်တာ" ရန်ရှီးနဥ်က ပြောလိုက်သည်။

မင်းသမီးခန်းဟွာ နှုတ်ခမ်းတို့ကို စေ့ထားလိုက်သည်။

စားပွဲပေါ်ရှိ ပိတ်ဖြူစ ရန်ရှီးနဥ် သတိထားမိသွားသည်။

"အရင်ရက်တွေတုန်းက ရှင် ဘယ်လိုခံစားနေရမလဲ ကျွန်မ တွေးနေခဲ့တာ၊ အားလုံးကို ဆုံးရှုံးသွားသလို ခံစားနေရသလား"

ရန်ရှီးနဥ်၏ အထက်စီးဆန်သော လေသံကို မင်းသမီးခန်းဟွာ ကြားလိုက်ရသည်။ နူးညံ့ကြင်နာတတ်ယောင်မဆောင်တော့ဘဲ သူမကို အထင်အမြင်သေးသလို ကြည့်နေသော ရန်ရှီးနဥ်ကို လှည့်ကြည့်လိုက်သည်။ ရန်ရှီးထင်၏ မင်္ဂလာပွဲနေ့တွင် သူမကို ပြုံးပြခဲ့သည့်အပြုံးအတိုင်း ယခု ရန်ရှီးနဥ်က သူမကို အေးစက်စက်ဖြင့် ပြုံးပြနေသည်။

မင်းသမီးခန်းဟွာ တည့်တည့် မတ်တတ်ရပ်လိုက်၏။

"အဲ့ဒါ မင်းပဲ"

"ရှင် ဘယ်လိုထင်လဲ" ရန်ရှီးနဥ်က မေးလိုက်၏။

"ဘာကြောင့်လဲ" မင်းသမီးခန်းဟွာက မေးလိုက်၏။

"ဘာကြောင့်လဲတဲ့လား" ရန်ရှီးနဥ်က ပြန်မေးလိုက်၏။ "ဘာကြောင့်လဲလို့ မေးရမယ့်လူက ကျွန်မ မဟုတ်ဘူးလား"

မင်းသမီးခန်းဟွာ နောက်သို့ တစ်လှမ်းဆုတ်မိသွားသည်။

"ကျွန်မအမေ သေအောင် ရှင် ဘာလို့ အဆိပ်ခတ်ခဲ့တာလဲ" ရန်ရှီးနဥ် မေးလိုက်၏။ "ကျွန်မအမေက ရှင်နဲ့ တစ်ခါမှ မဆန့်ကျင်ဖူးဘူး၊ ဘာလို့ ကျွန်မအမေကို သတ်ရတာလဲ"

ဉာဏ်များလွန်းသော ခင်ပွန်းသည်Where stories live. Discover now