Chapter-11

2.8K 398 13
                                    

#Unicode

" မင်းအိမ်မှာများ business cardကို ပျောက်သွားတာလား။"

ကျုံးရီသည် ခေါင်းခါရင်း ပြောလိုက်သည်။ "မဟုတ်ဘူး။ အဲ့တာကို ကျွန်မ ယူနီဖောင်းအင်္ကျီအိတ်ကပ်ထဲထည့်ထားတာ။ နောက်နေ့ကျ အဲ့တာပျောက်သွားတယ်။" သူမနှင့်အတူ အိမ်သို့မယူသွားခဲ့တာကို သူမ စိတ်ထိခိုက်မိခဲ့သည်။

ဖန့်ကျွင်းရုံသည် အတွေးတစ်စုံတစ်ရာ ဝင်သွားခဲ့သည်။ သူမအိမ်ပြန်ရောက်ပြီနောက် ကြိုးကြာဖြူကလပ်၏ပိုင်ရှင်ဖြစ်သူ နဉ်ချင်းကိုဖုန်း‌ခေါ်ခဲ့သည်။ နဉ်ချင်းနှင့် သူမသည် အသိအကျွမ်းများဖြစ်ကြပြီး ဝန်ထမ်းနားနေခန်းတွင် ‌လုံခြုံရေးကင်မရာများရှိလိမ့်မည်ဟု ယုံကြည်ခဲ့သည်။ business cardက သူ့ဖာသာသူ ပျောက်သွားတာမဖြစ်နိုင်ဘူး။ ဖြစ်ကောင်းဖြစ်နိုင်တာက တစ်စုံတ်ဦးက ကျုံရီရဲ့ကံကောင်းမှုကို မမြင်ချင်တာပဲဖြစ်မည်။

ဖန့်ကျွင်းရုံသည် နဉ်ချင်းနှင့် တစ်ရက်ရက်တွင်တွေ့ကာ နေ့လည်စာစားကြမည်ဟု ချိန်းဆိုလိုက်ကာ ဖုန်းချလိုက်သည်။

ထို့နောက် ဖန့်ကျွင်းရုံသည် တနင်္ဂနွေနေ့ကိုရောက်ရန် စောင့်မျှော်နေခဲ့သည်။ လီဝမ့်ကျင်းနှင့် ကလေးနှစ်ယောက်လည်း ထိုနေ့တွင် အိမ်မှာရှိနေမည်။ မနက်‌ေ‌စာစောတွင် ဖန့်ကျွင်းရုံသည် လီရှင်းယွင်ကိုခေါ်၍ စွဲမက်ဖွယ်ကောင်းပြီး ပြီးပြည့်စုံသည့် မိတ်ကပ်ပုံစံကို ပြင်ဆင်စေခဲ့သည်။

သူမသည် လွန်ခဲ့သောရက်အနည်းငယ်ကဝယ်ယူခဲ့သော ပတ္တမြားလည်ဆွဲကိုထုတ်၍ သူမသမီးကိုဝတ်ဆင်စေခဲ့သည်။ သူမသည် နောက်ပိုင်းတွင် ပိုက်ဆံအများအပြား သုံးစွဲခဲ့သည်။ လီဝမ့်ကျင်းသည် အပြစ်ရှိသည်ဟူသောစိတ် ရှိကောင်းရှိနိုင်မှာ‌ေပါ့။ သူမသည် စိတ်မကောင်းဖြစ်မိသော်လည်း သူတို့၏သား စီးပွားရေးစတင်လုပ်ကိုင်ရန် စုဆောင်းထားသောငွေကြေးများကို ရှိနေသေးကြောင်းကို မိမိကိုယ်ကို ပြန်သတိပေးနေရသည်။

ဖန့်ကျွင်းရုံသည် သူ့အ‌ကြောင်းကို ထပ်ဂရုမစိုက်တော့ပေ။

လီရှင်းယွင်သည် ဒီလည်ဆွဲကိုအရမ်းသဘောကျနေခဲ့သည်။ သူမတွင် လည်ဆွဲများစွာပိုင်ဆိုင်သည့်တိုင် ဒီလိုအရွယ်အစားမျိုးရတနာကတော့ ရှားပါး‌ဆဲဖြစ်သည်။ ထိုအရာကြောင့် သူမ၏မိခင်မှာ သူမကို ချစ်နေဆဲပင်။ သူမ့မှာ ညီအစ်မအသစ်နှစ်ယောက်ရောက်လာသည့်တိုင် တည်ငြိမ်သောအသွင်အပြင်ကို ထိန်းသိမ်းထားနိုင်သည်။

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (MM TRANSLATION)Where stories live. Discover now