18 (U)

355 24 0
                                    

အခုဆို ကျွန်တော့်ဘဝကြီးက ခြောက်သွေ့သွားခဲ့ရပြီ။
ကိုနေမရှိတော့ပြီဆိုတဲ့နောက်ပိုင်း အထီးကျန်ဆန်မှုဟာ အလုံးအရင်းနဲ့ပါ။
မနက်ခင်းတွေဟာ သိပ်ခြောက်သွေ့လွန်းသည်။
နွေနေ့လည်ဟာ လွမ်းနေသူကျွန်တော့်အား အလွမ်းအားတွေပို၍ပို၍တိုးစေသည်မှာ ရူးပင်ရူးချင်လှသည်။
သန်းခေါင်ယံညတွေဟာလည်း သာမာန်ထက်တိတ်ဆိတ်လွန်းသည်။
မေမေကဂရုစိုက်ပေမယ့် အလုပ်တစ်ဖက်နဲ့ဆိုတော့ ကျွန်တော့်ကိုအချိန်‌ပြည့် ဘယ်ဂရုစိုက်နိုင်ပါလိမ့်မလဲ။ကျွန်တော်နားလည်ပါတယ်။

အရင်လို ရေခဲမုန့်တွေမစားဖြစ်တော့ဘူး။
ကျွန်တော့်နှုတ်ခမ်းပေါ် ပေကျန်ခဲ့မယ့် ရေခဲ့မုန့်အစွန်းအစလေးတွေကိုဖယ်ရှားပေးမယ့် ကိုနေမှမရှိတော့တာ။
အရင်လို ပုံမဆွဲဖြစ်တော့ဘူး။
ပုံတူပန်းချီဆွဲဖို့ မော်ဒယ်အဖြစ် ကိုနေမှ မရှိတော့တာ။
သီချင်းတွေ မနားထောင်ဖြစ်တော့ဘူး။
ဂစ်တာတီးပြီးသီချင်းဆိုပြတတ်တဲ့ ကိုနေ့ကို သိပ်သိပ်လွမ်းလာတတ်လို့။
ခေါက်ဆွဲပြုတ်စားရမှာ ဝန်လေးလာခဲ့တယ်။
ကျွန်တော်မကုန်ရင် ကူစားပေးမယ့်ကိုနေမှမရှိတော့တာ။
မိုးရွာရက်တွေကိုပိုကြောက်လာခဲ့တယ်။
မိုးခြိမ်းရင် အရင်လိုဖက်ထားပေးမယ့် ကိုနေမှမရှိတော့တာ။
ချင်းတွင်းမြစ်ဘေးကိုသိပ်ကြောက်သွားခဲ့တယ်။
ကိုနေက ကျွန်တော့်ကို အဲ့နေရာလေးမှာ နောက်ဆုံးအနေနဲ့နှုတ်ဆက်စကားလေးတောင်မပြောဘဲထားပစ်ခဲ့တာလေ။
ကိုနေထားပစ်ခဲ့တာ ကျွန်တော်ဆိုတဲ့ ရုပ်ကိုယ်ထည်ကြီးတစ်ခုထဲမှမဟုတ်တာ။
ကျွန်တော့်ရဲ့နာမ်ဖြစ်တဲ့နှလုံးသားတစ်ခုလုံးကိုပါ နင်းခြေပစ်ခဲ့တာ။

အခုဆို ကိုနေ ကျွန်တော့်ဘဝထဲက ထွက်ခွာသွားခဲ့တာ ၈လလောက်ရှိခဲ့ပြီ။
ဒီနေ့ကျောင်းအပ်ရမယ့်နေ့မို့ မေမေနဲ့အတူ ကျောင်းသွားရမည်ဖြစ်သည်။
အောင်စာရင်းထွက်တုန်းကဆိုရင်လေ စံပယ်နဲ့မြတ်သူက နှစ်ဘာသာဂုဏ်ထူးစီနဲ့အောင်တယ်။
ကျွန်တော်က လေးဘာသာဂုဏ်ထူးရပေမယ့် ကိုနေက သုံးဘာသာပဲဂုဏ်ထူးပါတာကြောင့် အပြည့်ပဝမပျော်နိုင်ခဲ့ပါဘူး။
ဘယ်နေရာမှာမဆို ကျွန်တော့်ထက်ကိုပိုပြီးကိုနေ့ကိုပိုသာစေချင်တဲ့ကျွန်တော်က ဒီနေရာမှာလည်း အတ္တကြီးစွာ ကိုနေ့ကို ပိုသာစေချင်နေမိခဲ့တယ်။
စံပယ်နဲ့မြတ်သူကတော့ နည်းပညာတက္ကသိုလ်ကို အတူတက်ကြမယ် ကိုနေ။
ဝင်ခွင့်လည်းရတာကြောင့် သူတို့ကတော့ သမီးရည်းစားနှစ်ယောက်အတူကျောင်းတက်ကြရတော့မှာမို့ အတော်ပျော်နေကြတယ် ကိုနေ။ဒီအတောအတွင်း စံပယ်နဲ့မြတ်သူကလည်း လရောင်ကို ဂရုစိုက်ရှာကြပါတယ်။ဒါပေမယ့် ကိုနေမရှိတဲ့ လရောင်ရဲ့ ဘဝရပ်ဝန်းမှာ ဘယ်လိုပျော်ရွှင်နိုင်ပါ့မလဲ။
ပျောက်သောသူရှာရင်တွေ့ဆိုရအောင်ကလည်း ကိုနေက ပျောက်သွားတာမှမဟုတ်တာ။တမင်ထွက်ခွာသွားခဲ့တာပဲလေ။
သေသောသူကြာရင်မေ့ရအောင်ကလည်း ကိုနေက ကျွန်တော့်နှလုံးသားထဲမှာ အမြဲသက်ဝင်လှုပ်ရှားနေမယ့် ရုပ်၊နာမ်လေးတစ်ခုပဲမဟုတ်လား။

ချင်းတွင်းသက်သေ(ချင်းတွင်းသက်သေ) COMPLETED Where stories live. Discover now