အပိုင်း ( ၂ )
ဒေါ်ရွက်ဝါရဲ့လေ့ကျင့်ပျိုးထောင်မှုတွေအောက်မှာ ခက်ဆစ် နေသားကျလာခဲ့သည် ။ အမေအရင်းမဟုတ်မှန်းသိပေမဲ့ သူ့ဘဝကိုကယ်တင်ပေးခဲ့တဲ့ ဒေါ်ရွက်ဝါကို ခက်ဆစ်လေးစားသည် ။သူ့ရဲ့မိဘတွေကမလိုချင်လို့ စွန့်ပစ်ခဲ့တာကို မေတ္တာအပြည့်နဲ့စောင့်ရှောက်ပေးခဲ့တဲ့ ဒေါ်ရွက်ဝါ အပေါ်မှာ သားတစ်ယောက်ရဲ့တာဝန်ကျေပွန် ချင်၏။ အခုလည်း ဝါကျ ဆိုတဲ့ အကောင်ပေါက်လေးကို နေ့ရက်မပြတ်စောင့်ကြည့်နေရင်း ခက်ဆစ် ကိုယ့်ဘဝကို ထုဆစ်ပုံဖော်နေသည်။
ကျောင်းရဲ့အားလပ်ချိန်တွင် ခက်ဆစ် သူ့အတန်းထဲကနေထွက်ကာ သူငယ်တန်းများစာသင်သော အဆောက်အဦးထံသို့ ခပ်မြန်မြန်သွားလိုက်၏ ။ ဝါကျစာသင်ကြားရာ Aခန်းရှေ့မှာ ခက်ဆစ်ရပ်လိုက်သည်။ ထိုကလေးထိုင်နေကြနေရာဟာ လစ်ဟာနေ၏ ။ ခက်ဆစ်လည်း ဒီနေ့သူလုပ်စရာတာဝန်မရှိသောကြောင့် ကိုယ့်အတန်းကိုပြန်လာခဲ့သည်။
ညနေ ၃နာရီခွဲ ကျောင်းဆင်းချိန်တွင် ထုံးစံအတိုင်း ခက်ဆစ်ကျောင်းရှေ့ကနေ ဒေါ်ရွက်ဝါအလာကိုစောင့်နေသည်။ခက်ဆစ် စောင့်ဆိုင်းနေချိန်မှာပဲ တိမ်မဲများမြှင့်တက်လာပြီး ကောင်းကင်တစ်ခုလုံးအုံ့မှိုင်းလာသည် ။
တစ်ဖျောက်ဖျောက်ကျလာသော မိုးစက်များက သူ့ရဲ့ကိုယ်ကိုရိုက်ခတ်လို့နေသည်။ ထိုအချိန်ထိသူ့ကိုလာကြိုခြင်းမရှိသေး ။ တစ်ဖြည်းဖြည်း မိုးများသည်းထန်စွာကျလာ၏ ။ မိုးရေတို့ရဲ့ ရိုက်ခတ်မှုနဲ့အတူ လေပြင်းတို့ကြားမှာ ခက်ဆစ်ရဲ့ခန္ဓာကိုယ်က အေးစိမ့်လာပြီး နှုတ်ခမ်းများပြာလာကာ တစ်ဆက်ဆက်တုန်နေသည်။' ခက်ဆစ်..မင်း '
ရွက်ဝါ စကားပင်ဆက်မပြောနိုင်အောင် သူမ ရေစိုနေသောကလေးကိုကြည့်ပြီး သနားလာသည်။' ဒီနေရာကစောင့်ဆိုသော ' သူမရဲ့စကားကို တစ်ထစ်ကျ နားထောင်လိမ့်မယ်လို့ မထင်မိခဲ့ပါ ။ တခြားအမိုးအကာရှိသောနေရာတွေရှိပါ လျက်နဲ့ သူမစောင့်ခိုင်းသောနေရာတွင်သာ ရှိနေခဲ့သော ကောင်လေး ။
ရွက်ဝါ အမြန်ပဲ ထိုကလေးရဲ့ကိုယ်ပေါ်သို့ ထီးမိုးပေးလိုက်၏ ။
ထိုနောက်အိမ်ကိုအမြန်ပြန်လာကာ ခက်ဆစ်ကို ရေချိုးစေပြီး အနွေးထည်ကို သူမကိုယ်တိုင်ဗီဒိုထဲက ထုတ်ပေးလိုက်၏ ။ထိုမျှနဲ့တင်မပြီးသေး ဒေါ်ရွက်ဝါက သူမအိပ်ခန်းထဲက ဆေးဗူးယူလာပြီး အအေးမိပျောက်ဆေးပါတိုက်ပြီး ခက်ဆစ်ကို အိပ်စေခဲ့သည်။
YOU ARE READING
မင်းကျေနပ်မယ်ဆိုရင်( မင်းကျေနပ်မယ်ဆိုရင်)
Romanceအရင်ကတင်ပြီးသားအပိုင်းများကို ပြန်လည်ပြင်ဆင်ခြင်းဖြစ်သည်။