Part - 15

2.5K 317 103
                                    

(Unicode Version)

အရှင့်၏စကားများသည် တွေးကြည့်​၊ ပြေးကြည့်စရာပင်မလို။ မနေ့ညက ဆိုခဲ့သည့်အတိုင်း မနက်မိုးလင်းတော့ ဂျီမင်းတို့ ဖျားလေပြီ။ တရိပ်ရိပ်တက်လာသော အပူရှိန်နဲ့ အချမ်းဓါတ်က ပိုပိုတိုးလာသည်ရှိရာ ခန္ဓာကိုယ်ကို ကျုံ၍သာ ခပ်ကွေးကွေးအိပ်နေမိသည်။ မိုးလင်းနေပြီဆိုတာ သိပေမယ့်လည်း ခန္ဓာကိုယ်က မထချင်သေး..။ ထိုနောက်, နောက်ကျောပြင်ဆီက သိုင်းဖက်လာသည့်အထိအတွေ့သည် ဂျီမင်းစိတ်အစုံကို နွေးထွေးမှုပေးသည်ရှိရာ ခန္ဓာကိုယ်ကို အနောက်ဘက်သို့ ပိုပို၍ တိုးကပ်ရင်း ရင်ခွင်ထဲခိုဝင်လိုက်မိသည်။

အရှင်က လက်တစ်ဖက်ကို ဆန့်ထားပေးကာဂျီမင်းအတွက် ခေါင်းအုံးအဖြစ် အိပ်စေပြီး ကျန်လက်တစ်ဖက်က နောက်ကျောဘက်ကနေ တင်းကြပ်စွာ ပွေ့ဖက်ပေးထားလေသည်။ ခင်းထားသည့်အိပ်ရာနှင့်စောင်တို့မှာ မိမိနန်းဆောင်လောက် မတင့်တယ်ပေမယ့် ဤအရပ်ဒေသတွင်တော့ အကောင်းဆုံးဖြစ်ဟန်တူသည်။ အရှင့်အတွက်ဆိုပြီး မနေ့ညက နမ်ဂျွန်းကိုယ်တိုင် ထယ်ယောင်းမှတစ်ဆင့် လာပို့သွားခြင်းသာ။ 

" မထသေးဘူးလား.. "

နားသည်စပ်နားကို တိုးကပ်ကာ ပြောလာတော့
အင်းအင်းအဲအဲဖြင့် လူးလှိမ့်ရင်းသာ နေမိသည်။
မိမိဘက်ကို လှည့်လာတော့ အိပ်ချင်မူးတူးဖြင့် ဖူးဖူးဖောင်းဖောင်းဖြစ်နေသော မျက်နှာငယ်သည် ချစ်စဖွယ်အတိ။ မနက်ခင်းအာရုဏ်ဦး၌ လိမ့်ဆင်းလာသော နှင်းပွင့်လေးများနှယ် နူးညံ့ဖွယ်အတိ။ အဖျားရှိန်ကြောင့် ပါးမို့မို့၊နှာဖျားနှင့် နှုတ်ခမ်းပါးတို့မှာ နီစွေးနေသေးသည်။ အသည်းတယားယားဖြင့် နှာဖျားကို မွှေးကြူတော့ မျက်လုံးလေးပွင့်လာတော့သည်။

" အရှင်.. "

" အင်း.. "

" ကျွန်တော်နေလို့မကောင်းဘူး.."

ဒီကလေးဖျားနေတာ သူသိတာပေါ့။ အဖျားတက်နေတဲ့သူကို ထယ်ယောင်းကိုယ်တိုင် ရေဇလုံကို အကြိမ်ကြိမ်သယ်မခဲ့ပြီး အရှင်ကိုယ်တိုင် ညလုံးပေါက်ရေပတ်တိုက်ပေးခဲ့ရတာ။ မနက်မိုးလင်းတော့လည်း ဟိုဆော့နဲ့ဆော့ဂျင်ကို ဂျီမင်းအတွက် အစားအသောက်ပြင်ဆင်ခိုင်းပြီး ဆေးတို့ကို ကြိုထားခိုင်းသေးသည်။ အကုန်အဆင်သင့်ဖြစ်နေပေမယ့်လည်း အိပ်မောကျနေသူကို မနိုးရက်တာမို့လို့ သူတစိမ့်စိမ့်ငေးမောကြည့်နေခြင်းသာ။ အာရုဏ်တက်ချိန် နန်းတော်သို့ ပြန်မယ့်အစီအစဥ်ကိုလည်း ခေတ္တနောက်ဆုတ်လိုက်ရလေသည်။

ROYAL ||myg:pjm||Where stories live. Discover now