Part-1(zawgyi)

646 20 1
                                    

မိုးပွားလေးများ ကျနေတဲ့ ... ညနေခင်းရဲ့ မှောင်မိုက်တဲ့ အခန်းဒေါင့်လေးတစ်နေရာမှာ ... စားပွဲခုံလေးပေါ်၌ စာရေးနေတဲ့ မိန်းကလေးတစ်ဦးဟာ ... ဂါဝန်အဖြူလက်တစ်လုံးလေးကို ဝတ်ဆင်ထာပြီး ... ဆံနွယ်လေးတွေကို လျောလျောလေးထုံးခွေထားလေပြန်သည် ... သူမဟာ ပြတင်းပေါက်က တိုက်ခတ်လာတဲ့ လေတွေကြောင့် ... လွင့်ပြယ်နေတဲ့ အခန်းစီးလိုက်ကာအဖြူလေးတွေကြားမှာ ... ရစ်မူးနေခဲ့တော့လေသည် ...

ထိုမိန်းကလေးရဲ့ မျက်ဝန်းတွေက သိပ်ကိုသနားစရာကောင်းသလို ... ကြောက်စရာလည်း ကောင်းနေပြန်သည် ... ထိုသို့စာရေးနေရင်း သူမက မဲ့ပြုံးတွေ တစ်ချက်တစ်ချက်ပြုံးနေလို့ ... တစ်ချက်တစ်ချက် ဘာအကြောင်းအရာမှမရှိ ... တစ်ယောက်ထဲ ရယ်နေပြန်သေးသည် ...

ထိုသို့ ထုံးခွေထားတဲ့ ဆံနွယ်တွေအား သူမဟာ ဖြည်ချလိုက်တော့ ... ပုခုံးကျော်ကျော် ဆံနွယ်အနက်လေးတွေက ... ဆံပင်မဖြီးထားတဲ့ ပုံစံကဲ့သို့ ... မျက်နှာအရှေ့မှာပါ ရှုပ်ပွနေခဲ့လေတော့သည် ...

ထို့နောက် သူမဟာ စာရွက်တွေပေါ်မှာ ခဲတံတစ်ချောင်းနဲ့ ... စူးစူးနစ်နစ် စာရေးခဲ့တော့သည် ... သူမရဲ့ စာတွေက တစ်စုံတစ်ယောက်ကို ရည်ရွယ်နေသည် ... သဘောကျရတဲ့ တစ်စုံတစ်ယောက်အကြောင်းကို သူမရေးနေတာကြောင့် ... မျက်နှာရှေ့ ရှုပ်ထွေနေတဲ့ ဆံနွယ်လေးတွေကြားထဲက ... သူမရဲ့အပြုံးကို မြင်တွေ့နိုင်ခဲ့ရသေးသည် ...

----------------

ကျွန်မ နာမည်က "မိုးပွင့်ဖြူစင်"ပါ ... ကျွန်မ ဘဝအကြောင်းလေးကို ဖွင့်ပြောပြချင်လို့ ဒီစာလေးကို ရေးလိုက်တာပါ ... အထူးသဖြင့် အချစ်ဆိုတဲ့အကြောင်းလေးကိုပေါ့ ... ကျွန်မက လိင်တူချင်းစုံမက်တဲ့ လူတစ်ယောက်တော့မဟုတ်ပါဘူး ... ဒါပေမယ့် တစ်သက်မှာ တစ်ခါလောက်တော့ ကျွန်မလိင်တူချစ်ခဲ့ဖူးတယ် ... ဒါကလည်း ဘဝမှာပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ် ဖြစ်ခဲ့တာပါ ... လုံလောက်ပါတယ် ...

အချစ်ကို ကိုးကွယ်တယ်လို့ပဲပြောရမလား ? အချစ်ကို ရူးသွပ်တယ်လို့ပဲ ပြောရမလား ? ကျွန်မ လက်လွန်သွားခဲ့မိတာတော့ အမှန်ပဲ ...

တစ်နေ့ ကျွန်မ Second yrs , Sec sem ကျောင်းတွေ တက်တဲ့နေ့မှာပဲ ... ကျွန်မ ကောင်မလေးတစ်ယောက်ကို မြင်မြင်ချင်း ချစ်ကြိုးသွယ်သွားမိခဲ့တယ် ... သူမရဲ့ မျက်ဝန်းတွေကို ကျွန်မ သိပ်ချစ်တယ် ... သူမရဲ့နှုတ်ခမ်း ၊ သူမရဲ့ အပြုံး ၊ သူမရဲ့ လက်ချောင်း ၊ ကုန်ကုန်ပြောရရင် သူမရဲ့ ခန္ဓာကိုယ် ကျွန်မ အရမ်းချစ်တယ် ... ကျွန်မရဲ့ ခန္ဓာကိုယ်က သွေးတွေပြောင်းပြန်ဆင်းကျသွားတဲ့ အထိကို ကျွန်မချစ်ခဲ့တာ ...

Girls LoveWhere stories live. Discover now