Chapter 17 Part 2

3.2K 331 7
                                    

Unicode Font

17. Part 2

သူမသည် နှုတ်ခမ်းကိုက်လိုက်ပြီး ဖုန်းကို ကိုင်လိုက်သည်။ "အမေ ဘာဖြစ်လို့လဲ?"

"Xiujuanရ သမီး တစ်ယောက်နဲ့ တွဲနေတယ်လို့ သမီးမောင်လေးပြောတာ ကြားလိုက်တယ်. အဲ့ဒါ တကယ်ပဲလား?"

Pei Ying၏မျက်လုံးများ မဲ့သွားသည်။ သူမ Song Nanchuanနဲ့ ဒီလမ်းအတိုင်း ဆက်သွားရင် သူမ မိသားစုကိုတော့ မဖုံးကွယ်ထားနိုင်ဘူးဆိုတာ သိသည်။ သူမသည် ဝန်ခံသည့်အသံ လုပ်လိုက်သည်။ "သမီးတို့ တွဲနေကြတာ ဟုတ်တယ်."

"အို တကယ်ပဲလား?! ကောင်းလိုက်တာကွယ်!" Ms Peiမှာ ပီတိဖြာနေသည်။ ဖုန်း၏ အခြားတစ်ဖက်မှာ သူမ အမေမျက်နှာ ဘယ်လိုတောင် ပြုံးပျော်ရွှင်နေသည်ကို Pei Yingမှာ ခန့်မှန်းကြည့်၍ရနေသည်။ "သမီးမောင်လေး ပြောတာ ဒီCEOမှာ ပိုက်ဆံအများကြီးရှိတယ်ဆို. သူ တစ်ခုခုမှာ ရင်းနှီးမြှပ်နှံထားတယ် အဲ့ဒါက ၂ဘီလီယန်ယွမ်တောင် ရှိတယ်ဆို! သမီး သူနဲ့ တကယ်ပဲ တွဲနေတယ်ဆိုရင် အမေတို့မိသားစုတော့ အကျိုးအမြတ်တော်တော်ရမှာပဲ!"

Pei Yingသည် မျက်မှောင်ကြုတ်သွားပြီး မပျော်မရွှင်ဖြစ်သွားသည်။ "အမေ သူ့ပိုက်ဆံက သူ့ပိုက်ဆံပဲလေ. အဲ့ဒါ သမီးတို့နဲ့ ဘာဆိုင်လို့လဲ?"

"ဒါ ဘယ်လိုလုပ် ငါတို့နဲ့ မဆိုင်ရမှာလဲ သူက Xiuranရဲ့ ယောက်ဖလေ အဲ့တော့ သူ Xiuranကို ဂရုမစိုက်သင့်ဘူးလား? Xiuranလေး ဘွဲ့ရလို့ အလုပ်လိုလာတဲ့အချိန် ပြီးတော့ သူ လက်ထပ်တဲ့အချိန် နောက်ပြီး အိမ်လိုအပ်တဲ့အချိန်-"

"အမေ!" Pei Yingသည် သူမအမေ စကားဆုံးအောင် ပြောသည်ကို မစောင့်တော့ဘဲ စကားဖြတ်လိုက်တော့သည်။ "သမီး နောက်တစ်ကြိမ် ထပ်ပြောလိုက်မယ်. သူ့ပိုက်ဆံက သူ့ပိုက်ဆံပဲ. သူများပိုက်ဆံကို ဘယ်လိုဖြုန်းရမလဲဆိုတာကို ကြိုတင်ပလန်မချနေနဲ့!"

Ms Pei ထိုစကားများကို ကြားသောအခါ သူမလည်း မပျော်ရွှင်တော့ပေ။ "နင် ဘာစကားပြောလိုက်တာလဲ? 'သူများပိုက်ဆံဖြုန်းတယ်'ဆိုတာ ဘာကို ပြောချင်တာလဲ? သူ င့ါသမီးကို လက်ထပ်ချင်ရင် ငါတို့မိသားစုကိုလဲ ကူညီပေးသင့်တယ်မဟုတ်လား? ပြီးတော့ ဘာပဲဖြစ်ဖြစ် ငါနဲ့ နင့်အဖေ နင့်ကို မွေးဖို့ ဆင်းရဲဒုက္ခ ရောက်ခဲ့သေးတယ်လေ."

[Completed] Just Blame Me for being Blind in the Beginning (MM Translation)Where stories live. Discover now