{၃၀}U/Z

76.6K 9K 1K
                                    

Unicode

အဲ့သည့်နေ့ကဖြစ်မည်။
အဲ့သည့်နေ့ကပေါ့...
အဓိပတိလမ်းက ခမ်းခမ်းနားနား မားမားမတ်မတ်...မြရောင်ထနေတဲ့ သစ်ရွက်တွေကလှုပ်လီလှုပ်လဲ့...
ဆောင်းရာသီရဲ့ဒီဇင်ဘာမနက်ခင်းတစ်ခုမှာပေါ့။
ခပ်လှမ်းလှမ်းကနေမြင်ရသည့် ကြည်တောက်နေတဲ့ မျက်ဝန်းညိုတွေဆီမှာ သူကိုယ်တိုင် တမင်တကာ ခလုတ်ဝင်တိုက်ခဲ့သည်လေ။
ပထမဆုံးအကြိမ်ဟုထင်ခဲ့ပေမဲ့ ဒုတိယအကြိမ်ဖြစ်နေခဲ့သည်။ မောင် ဟူသောနာမည်အဖျားဆွတ်ကလေးက သိပ်ကိုကျွမ်းဝင်နေလောက်သည်အထိ သူတို့နှစ်ဦးသားပက်သတ်မှုက နှလုံးသားရဲ့အောက်ခြေမှာ အမြစ်တွယ်ခဲ့နေနှင့်ပြီးသား။
လက်လွှတ်ဖို့၊ဥပက္ခာပြုဖို့ အကြိမ်တစ်ရာမက ခေါင်းထဲ သံမှိုရိုက်သလို ရိုက်သွင်းခဲ့သည်။
သို့သော် ဦးနှောက်နှင့်နှလုံးသား ယှဉ်ပြိုင်မှုတွင် နှလုံးသားက ဦးဆောင်လွှမ်းမိုးခဲ့သည်။
ချစ်မှုရေးရာမှာ နွေဦးမောင်အတွက် ဒွိဟသံသယ ဖြစ်ဖူးတာမျိုးမရှိခဲ့ဖူးဘူး။
အမြဲ သိုသိပ်စွာနေခဲ့သည့်ငယ်ဘဝမှာ သူ့အနားရှိနေသည့်လူနှစ်ယောက်က သူ့အတွက် မောင်နှမရင်းချာပုံစံပဲ။ ဥဿဦးက ခင်လွှမ်းကိုသဘောကျနေမှန်းသူသိသလို၊ ခင်လွှမ်းက သူ့ကို အားကိုးတတ်မှန်းလည်း သူသိသည်။
မန္တလေးတက္ကသိုလ်မှာ မတက်ဘဲ ရန်ကုန်ကို ရွေးချယ်ရသည့်အကြောင်းအရင်းမှာ သူငယ်ချင်းနှစ်ယောက်၏အခြေအနေကြောင့်လည်းပါခဲ့သည်။ ညီမငယ်လို သဘောထားသည့်ခင်လွှမ်းကို ဥဿနှင့်ပိုပြီး အဆင်ပြေစေဖို့ရန် ရှောင်လွှဲလာခြင်းဟုလည်းဆိုရမည်။
သို့ပေမဲ့ သူထင်ထားသလိုဖြစ်မလာခဲ့ပေ။ဤသည်ကား သူ၏အကြီးမားဆုံးနောင်တများထဲကတစ်ခုပါပင်။

တက္ကသိုလ်က အပေါင်းအဖော်တွေကြားမှာ သူရယ်မောခဲ့သည်။ သစ်ရွက်လှုပ်ခတ်သလို အချစ်စမ်းကြသည်များကို ဘေးကနေ ခပ်ပြုံးပြုံးထိုင်ကြည်ဖူးသည်။ မတော်တဆဆုံခဲ့ဖူးသည့်အကြည့်တွေကို ဒုတိယံပိ မဆုံစေဖို့ဂရုစိုက်ခဲ့သည်။ ချစ်မှုရေးရာမှာ သူကျွမ်းဝင်ဖို့ စိတ်အခြေအနေမရှိခဲ့ပေ။
သူ့၏ စိတ်အကြည်ဓာတ်ကလေးကိုမတွေ့ခင်အထိပေါ့။

ချစ်မေတ္တာဘယ်ကစလို့မေးရင် မောင်က နရီ့မျက်ဝန်းတွေကို တိတ်တိတ်လေးငေးရင်းဖြေမှာ...မောင့်ရဲ့စိတ်အကြည်ဓာတ်ကလေးတွေကနေစတာပေါ့လို့...

အဓိပတိလမ်းမထက်က မောင့်ခြေရာ{အဓိပတိလမ်းမထက်ကမောင့်ခြေရာ}Where stories live. Discover now