chapter 2 part 01

384 50 16
                                    

ရွှေရောင် အနားသတ်မျဉ်းတို့ကားလှပသေသပ်စွာ ဆုံမှတ်တစ်ခုမှ ပေါက်ဖွားလာကြသည်။နှင်းခိုးငွေ့တို့ရီဝေဝေ ရစ်ဆိုင်းငွေ့မှိုင်း‌ေနသာ‌ေနာက်ခံဖြင့် ပန်းချီကားပေါ်မှ ဆေးစက်တစ်ချို့ဟာ ခပ်လွှလွှ အရောင်ပြယ်ကုန်ကြလေပြီ။အပုပ်နံ့လိုလို ညှီနံ့လိုလို အနံ့ထွက်နေသည့် ဤမြေအောက်ခန်းထဲတွင် ထိုပန်းချီကားကြီးထံမှ အရောင်အဝါတစ်ခုခုထွက်နေသယောင်ယောင်။

ပန်းချီကားထဲတွင် ရှိနေသည်က နန်းမြို့ရိုး မှုန်ပျပျနောက်ခံထားလျက် ဟန်ပါပါနှင့် မတ်တပ်ရပ်နေသော အမျိုးသမီးကိုယ်တစ်ပိုင်းပုံ။လက်ခုပ်တစ်ဖောင် လောက်နီးနီးမြင့်သော ကင်းဗတ်စကြီးပေါ်တွင် သူမ ကိုယ်တစ်ပိုင်းပုံကအပြည့်နေရာယူထားသည်။အနားသတ်လိုင်းတို့ကို ရွှေဆေးများဖြင့် ကွပ်ထားသဖြင့် သူမ တစ်ကိုယ်လုံးမှ အရောင်အဝါများထွက်နေသကဲ့သို့ပင်။

သူမဘေးတွင်ယောက်ျားတစ်ယောက်လည်းပါသေးသည်။နှုတ်ခမ်းမွှေးစစနှင့် ထိုလူမှာ ပြုံးတော့မယောင်ယောင်နှုတ်ခမ်းပါးတို့ကို တင်းတင်းစေ့ထားဟန်။နှစ်ယောက်စလုံးက ကြေးရတတ် ဟန်ပန်အပြည့်။အမျိုးသမီး၏ နားတောင်း လက်ကောက်တို့ကိုကြည့်လျှင် ရှေးခေတ် အသုံးအဆောင်တို့ကို ပီပြင်အောင်ရေးဆွဲနိုင်သော ပန်းချီဆရာကို ချီးကျူးရပေမည်။ပန်းချီကားအောက်ခြေနားတွင် နာမည်တစ်ခုနှင့် သက္ကရာဇ်ရေးထိုးထားသော်လည်း သဲသဲကွဲကွဲမမြင်ရတော့။

အမျိုးသားတွင်တော့ အဆင်တန်ဆာ ထိုမျှလောက် မများ။သို့သော် မင်းညီမင်းသား အင်္ဂါရပ်နှင့်ပြည့်စုံမည့်ရုပ်ရည်မျိုး။သူက အမျိုးသမီးထက် ခေါင်းတစ်လုံးစာ အရပ်ပိုမြင့်သည်။အမျိုးသမီး၏ မျက်လုံးတို့ထံမှ ခပ်စူးစူးအကြည့်တို့က ဆွဲဆောင်မှုပြင်းထန်လှလေ၏။သို့တည်းမဟုတ် လွန်စွာမှ ကြောက်မက်ဖွယ်ကောင်းလေ၏။

သူမတစ်ကိုယ်လုံး ရတနာအပြည့်စီခြယ်ထားပါလျက်နှင့် ဗလာကျင်းနေသည့် တစ်ခုတည်းသော နေရာမှာ သူမ၏ လည်တိုင်ပင်။ထို သွယ်လျ ဖြူလျော့နေသည့် လည်တိုင် ရှည်ရှည်တွင် လည်ဆွဲ၊ ဆွဲကြိုး ဘယက် တစ်ခုမှရှိမနေ။ဤသည်မှာ ထိုပန်းချီကားကြီး၏ ဆွဲဆောင်မှုအရှိဆုံးအချက်လည်းဖြစ်နိုင်၏။တစ်ခုခုပျောက်ဆုံးနေသည့်ဟန် တမင်ရေးဆွဲထားခြင်းလည်းဖြစ်တန်ရာ၏။

နွယ်Hikayelerin yaşadığı yer. Şimdi keşfedin