(5)

375 70 47
                                    

(Unicode)

ချစ်တေးသွားတွေ ပဲ့တင်ထပ်သွားချိန်မှာ …
နာကျင်စေတဲ့ အပြစ်ကြွေး တွေကတောင် …
       " ချယ်ရီ " လို အရသာ ရှိပါတယ် တဲ့ ။

…………

ဂျက်ဆီကာ ( Jessica ) … ။

ဘုရားသခင် ၏ အခွင့်ထူးခံ … ကိုယ်တော့် မျက်ရှုလေး ဟု အမည်ရသော ဟီဘရူးနာမည် ။

လှပသော ထိုနာမည်ကို ကြားလိုက်သည်နှင့် ယောက်ျားလေးများက လက်မြှောက်ကြသည် ။ မိန်းကလေးများက အားကျကြသည် ။

ဟာဝေယံကျွန်းသား ဖခင်၏ မိတဆိုးသမီးဖြစ်သောကြောင့် ညိုမှောင်းသောအသားအရည်ကို ပိုင်ဆိုင်သည် ။ နွယ်ရှင်များလို လိမ်ကောက်နေသော ရွှေရောင်ဆံပင်များကို ယောက်ျားဆန်ဆန်ခပ်တိုတိုသာ ထားတတ်သည် ။ ဆေးမကူသော နှုတ်ခမ်းထူထူက ခပ်ညိုညို ဖြစ်လျက်ရှိသည် ။ ပျားရည်ရောင်မျက်ဝန်းများက မျှော်လင့်ချက်အပြည့်ဖြင့် တောက်ပလင်းလက်နေသည် ။

ဂျက်ဆီကာသည် သန်မာလှပါသည် ဟူသော ယောက်ျားလေးများနှင့်ရင်ပေါင်တန်းကာ ဘတ်စကတ်ဘောဆော့သည် ။ ဘောလုံးကန်သည် ။ ထို့ကြောင့်လည်း သူမ၏ ကိုယ်ခန္ဓာက မိန်းမဆန်ဆန် ဖွံ့ထွားသောရင်သားတင်သားများအစား ယောက်ျားဆန်ဆန်တောင့်တင်းသော ကြွက်သားရေးရေးများဖြင့် သန်မာလှသည် ။ သူမ၏ အရပ်ကလည်း သာမာန်ယောက်ျားလေးတယောက်ထက်ပင် ရှည်နေသေးသည် ။

ဂျက်ဆီကာသည် စာတော်သော စာရင်းထဲတွင် မပါသော်လည်း အားကစားမှာတော့ ထူးချွန်လှသည် ။ အလုပ်လုပ်ရာတွင် သွက်လက်ကာ ယဉ်ကျေးသောကြောင့် ဆရာ ဆရာမများ လူကြီးသူမများက ချစ်သည် ။ ဟစ်ဟော့သီချင်းများကို ပိုင်ပိုင်နိုင်နိုင်ဆိုနိုင်သော သူမ၏ ရည်ရွယ်ချက်မှာ ရက်ပ်ပါတယောက် ဖြစ်ရန် ဖြစ်သည် ။

ဂျက်ဆီကာသည် ဆိုးရာ အမြဲမော့ကြည့်ခဲ့ရသော တစုံတယောက်ဖြစ်သည် ။ အနိုင်ကျင့်ခံ အရှေ့တိုင်းသူလည်း ဖြစ်သလို အရှက် အကြောက်လည်း ကြီးလှသော ဆိုးရာကို လက်တွဲခေါ်ခဲ့သူမှာလည်း ဂျက်ဆီကာပင် ဖြစ်သည် ။
ဂျက်ဆီကာ က အခြားနေရာများတွင် သွက်လက်သော်လည်း အချစ်ရေးတွင် နှုတ်နှေးလှသည် ။ ထို့ကြောင့် သူတို့နှစ်ယောက်ကြားတွင် ပထမဆုံး ဖွင့်ပြောခဲ့သူက ဆိုးရာ ဖြစ်နေသည် ။

C H E R R Y Where stories live. Discover now