part (4)

907 111 8
                                    

Unicode

မြနန်းစံကျော် ဟု အမည်ထားရှိသော မြန်မာမင်းဆက်တို့စိုးစံခဲ့ရာ မန္တလေးရွှေနန်းတော်အတွင်းတွင် အခြေအတင်စကားများနေကြသည်...

"ဟာ...ကျွန်မက ဘယ်လိုခေါ်ရမှာလဲ...."

ဒါဟာ ဂျန်နီတစ်ဖြစ်လဲ ရူဘီဂျိန်းရဲ့အသံ....

"မမလေးကလည်း...အရင်ကခေါ်သလိုမျိုး ဒယ်ဒီလို့ပဲခေါ်ပေါ့ မမလေးရဲ့..."

အထိန်းတော်ကြီးက ချက်ကျလက်ကျ ရှင်းပြနေ၏...

"ကျွန်မဖေဖေမှ မဟုတ်တဲ့ဟာကို ဘယ်လိုလုပ်ပြီး ဒယ်ဒီခေါ်ရမှာလဲ..."

ဟုတ်တော့လည်းဟုတ်သည်...ရူဘီဂျိန်းဟာ အင်္ဂလိပ်လူမျိုးဖြစ်တော့ ဖေဖေဟုခေါ်မည်မဟုတ်..ဒယ်ဒီဟုသာခေါ်မည်ပေါ့....

"မမလေးက ရူဘီဂျိန်း....ဆာဂျင် ဝီလီယံ
ဂျိန်းရဲ့ တစ်ဦးတည်းသောသမီးလေ...အဲတော့ ဆာဂျင်က မမလေးရဲ့ဖေဖေပေါ့...."

ရှင်းလေရှုပ်လေဖြစ်နေလေပြီ...ဂျန်နီဟာ
ရူဘီဂျိန်းမှမဟုတ်တာ...

စိတ်ထွက်ပေါက်ရရန် နန်းတော်အပြင်ထွက်ချင်လို့ဆိုပြီး ခွင့်တောင်းမည့်အစီအစဉ်ဟာ ဒယ်ဒီ ဟုခေါ်ရမည့် ပထမအဆင့်မှာတင် ခြေကုန်လက်ပန်းကျနေပြီ....

သို့သော် နန်းတော်အပြင်ကိုထွက်ရမှဖြစ်မည်....အပြင်ထွက်ချင်ရသောအကြောင်းအရင်း တစ်ခုကို ဂျန်ကလွဲ၍သိမည်မဟုတ်...

"ကဲကဲ...အခုရူဘီဂျိန်းဖြစ်နေတော့လဲ ဒယ်ဒီလို့ခေါ်ရတော့မှာပေါ့လေ...စိတ်လျှော့စမ်း ဂျန်နီ...."

ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်ပြီး ဒယ်ဒီဆိုသောဆာဂျင်ဝီလီယံ ဆီသို့သွားရသည်....

ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကျငှန်းနှင့် နေထိုင်ခဲ့သော မြန်မာမင်းဆက်တို့ဟာ ကိုယ်ရည်ကိုယ်သွေးမရှိရှာသော သီပေါမင်း၏ လက်ထက်တွင်
ပျက်သုန်းခဲ့ရသည်...မြန်မာမင်းစိုးစံခဲ့သော နန်းတော်အတွင်းတွင် နယ်ချဲ့အင်္ဂလိပ်တို့ သွားလာနေသည်မှာ မြင်ရသူအဖို့ အော့နှလုံးနာစရာရှိသည်....

ဒါဟာ ရူဘီဂျိန်းမဟုတ်သော ဂျန်နီ၏အတွေး....

"ဘယ်လိုဖြစ်လို့ အင်္ဂလိပ်ခေတ်ကိုရောက်လာလည်းမသိပါဘူး...ရောက်မယ်ရောက်လည်း ဟိုး ပုဂံခေတ်တို့ အင်းဝခေတ်တို့ ရောက်ပါတဲ့လား..
အခုဟာက ပြဿနာကြားထဲရောက်ပြီး
ပြဿနာရဲ့ သမီးဖြစ်နေရသေးတယ် အံ့ဩပါ့....."

RoyalWhere stories live. Discover now