{၃၁}U/Z

72.3K 9.3K 1.5K
                                    

Unicode

"တစ်ဆိတ်လောက်ဗျ။ * ရွာက စောနရီတို့အိမ်ကိုများ သိလားခင်ဗျ။ သိရင် ကျွန်တော့်ကိုလမ်းညွှန်ပေးလို့ရမလားဗျ"

ဆိုင်ကယ်ပေါ်တွင်ထိုင်နေသောဦးလေးက သူ့အားမေးလာသည့်သူငယ်ကို ခြေဆုံးခေါင်းဆုံးကြည့်ကာ
"လမ်းအများကြီးလျှောက်ရမယ်။ လိုက်ပို့မယ်လေ ၇၀ ပဲပေး။"

"အိုခေဗျာ။သွားကြတာပေါ့"

ဆိုင်ကယ်သမားက တစ်ခွန်းမှစျေးမစစ်သည့်သူငယ်ကို ဆိုင်ကယ်ပေါ်သို့တင်ခေါ်လာ​လေသည်။ နေပူကျဲကျဲတွင် ဖုန်များကဆိုင်ကယ်ဘီးနောက်တွင်ကျန်ရစ်ခဲ့သည်။

"စောနရီ အမိုး အသုဘကိုလာတာလား"

"ဟုတ်ကဲ့ဗျ"

"အေးကွာ။ရုတ်တရက်ကြီး နှလုံးရပ်ပြီးဆုံးတာ အံ့ဩစရာပဲ။
ကွေးသောလက် မဆန့်မီဆိုတဲ့အတိုင်းပဲ၊ သူကသိပ်သဘောကောင်းတာ။ အိမ်ကမိန်းမတောင် သူ့ဆီမှာပဲအထည်အပ်တာလေ"

သည်တစ်ခါမှာတော့ ဧည့်သည် ကောင်လေး၏ပြန်ဖြေသံကိုမကြားရတော့တာကြောင့် စကားစကပြတ်သွားလေသည်။

ဆိုင်ကယ်ထိုးရပ်သည့်အချိန်ကိုတွက်ဆကြည့်လျှင် စီးနင်းလာသည်မှာ ငါးမိနစ်ပင်မပြည့်။
"ရောက်ပြီ ဒီအိမ်ပဲ။"

ထိုဦးလေးမပြောလည်း အနောက်ကလူကသိသည်။ အဘယ်ကြောင့်ဆိုသော် တိတ်ဆိတ်နေသောခြံဝန်းအတွင်းရှိ လူငယ်နှစ်ယောက်ကိုမြင်လိုက်သောကြောင့်ပင်။

"ရော့ဦးလေး"

သူ ငါးဆယ်တန်နှင့်နှစ်ဆယ်တန်တစ်ရွက်ကိုပေးလိုက်ကာ ခြံထဲသို့ဝင်လာ၏။

"ဇေရဲ!"

နွေဦးမောင်ကသူ့ကိုမြင်သည်နှင့်လှမ်းခေါ်သည်။ နွေဦးမောင်နှင့်မျက်နှာချင်းဆိုင်တွင်ရှိနေသော ဥဿဦးက သူ့ကို ပေစောင်းစောင်း တစ်ချက်ကြည့်ကာ အိမ်ထဲသို့ဝင်သွားသည်။

"ဘယ်လိုဖြစ်တာလဲကွာ။ဥဿဦးက ဘယ်လိုလုပ် ဒီရောက်နေတာလဲ။မင်းခေါ်ထားတာလား"

နွေဦးမောင်က စိတ်ပျက်လက်ပျက်အမူအရာဖြင့်ခေါင်းခါသည်။
"သူ့ကိုယ်သူရောက်လာတာ။"

အဓိပတိလမ်းမထက်က မောင့်ခြေရာ{အဓိပတိလမ်းမထက်ကမောင့်ခြေရာ}Where stories live. Discover now