In Another Life

3.5K 144 28
                                    

In Another Life

မင်းတို့ကို ပုံပြင်တစ်ပုဒ် ပြောပြမယ်.......
မင်းတို့သိလား။
ပိုင်ဆိုင်ရမှမဟုတ်ဘဲ နာကျင်မှုတွေ ရင်ဝယ်ပိုက်ပြီး သူ့ကိုဂရုစိုက်ပေးရင်း သူ့အနားရှိနေနိုင်ရုံနဲ့လည်း အချစ်ကရှည်ကြာစွာ ဖြစ်တည်နေမြဲပဲတဲ့........

ပြည့်သျှံထက်
.
.
.

"ကိုစေ ဒါတွေကို မေပဲ သယ်လာခဲ့မယ်။
ကိုစေက ကိုယ့်လွယ်အိတ်ကိုပဲ သယ်ခဲ့"

"ဟုတ်ကဲ့.."

ကိုထက်အိပ်နေတုန်း ကြားနေရတဲ့ ပစ္စည်းအတင်အချအသံတွေနဲ့စကားသံတွေကြောင့် နိုးလာခဲ့သည်။ပြတင်းပေါက်ကနေ
ချောင်းကြည့်လိုက်တော့ ကိုထက်တို့ရဲ့ ဘေးအိမ်ကို ပြောင်းလာတာဖြစ်သည်။

"ဟယ်လို အန်တီတို့ ဒီအိမ်ထဲကို ပြောင်းလာတာလား..."

ကိုထက်က နှုတ်သွက်ပြီး ပျော်ပျော်နေတတ်တဲ့ ခလေးဖြစ်တာကြောင့် အခုမှ ပြောင်းလာတဲ့ အိမ်နီးချင်းတွေကို နှုတ်ဆက်လိုက်သည်။

"အေးကွယ်၊ အန်တီတို့က အခုမှ ပြောင်းလာကြတာပါကွယ့်။"

"ဟုတ်ကဲ့ ဒါဆို ကိုထက် လာကူပေးမယ်။"

"ရပါတယ် သားရယ်။"

ကိုထက်ပြောပြီးပြီးချင်း မျက်နှာသစ် သွားကိုအမြန်တိုက်ကာ အိမ်ပေါ်ကနေ ပြေးဆင်းလာခဲ့တာကြောင့် မီးဖိုချောင်ထဲမှာ ထမင်းဟင်းတွေ ချက်ပြုတ်နေတဲ့ ကိုထက်ဒေါ်လေးကပါ

"ဟဲ့...ဟဲ့ ဘယ်လိုတွေတောင် ဖြည်းဖြည်းဆင်းလာလို့လည်း ရပါတယ် ကိုထက်ရာ။"

"ဟီးဟီး ဒေါ်လေး ကိုထက် နည်းနည်းလောသွားတယ်။"
.
.

"ဟဲလို အန်တီ သားလာကူတာ"

"သားရယ် တကူးတကတွေကွယ်... ဒီမှာအားလုံးပြီးသွားပြီရယ်။
လာ.. လာ ဒီမှာ မုန့်လာစား"

"ဟီးဟီး စားမယ်နော်။ဒါနဲ့ ဒီကိုကိုက ဘယ်နှစ်တန်းလဲ... ကိုထက်တို့ ကျောင်းတူတူသွားကြမယ်လေ "

ကိုထက်နဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ အရမ်းချောမောတဲ့ကိုကိုတစ်ယောက်။
ကိုထက်က ကို့ကို့ရဲ့ ချောမောလွန်းတဲ့ ရုပ်ရည်ကို စာမဖွဲ့တတ်ပါ။အရမ်းချောတာပဲ သိသည်။ကိုထက် ငယ်သေးလို့ စာမဖွဲ့တတ်တာလည်း ဖြစ်ပါလိမ့်မည်။

In Another Life (One Short) Where stories live. Discover now