~ထယ်ကအဆိပ်ပြင်းတဲ့ပန်းပါ‌မောင်~

4.4K 321 200
                                    

" မောင် မင်းငါ့ကို ခုချက်ချင်းလာကြိုစမ်း !!!!!! "

"အာ ထယ် မောင်မအားသေးလိူ့လေနော် ကိုယ့်ကိုပြန်လာခဲ့တော့လေ"

Companyအောက်မှာစောင့်နေရင်း ဖုန်းထဲကမောင့်စကားကြောင့် ‌ဒေါသထွက်မိသည်။ ဟက် မအားလို့တဲ့လားမောင်ရယ် ယုံချင်စရာကြီး ထယ်‌ယောင်းတစ်ယောက် Smirkတစ်ချက်ဆွဲကာ

"ကောင်းပြီ မောင် ငါကိုယ့်ဘာသာကိုဘဲပြန်လာခဲ့မယ်"

"အင်း မောင့်ထယ်လေးကလိမ္မာတယ်နော် ဒါဘဲ ''

*တီ

ထယ့်အဖြေကိုတောင်မစောင့်ဘဲဖုန်းချသွားတဲ့မောင်ကြောင့် ထယ်တော်တော်‌စိတ်တိုသွားသည်။ ဟက် မောင်ရယ် ထယ့်ကိုအရမ်းအထင်သေးတာကို ထယ့်ဟာအဆိပ်ပြင်းမှန်းမောင်မသိလေရော။ ပြီးတာနဲ့နောက်ဖုန်းတစ်ခုကိုဆက်ကာ

"Jimin Jeon Jungkook ဘယ်မှာလဲအခု"

'' BSG Centerမှာ "

"OKEY ငါလာခဲ့မယ် ငါ့ကိုစောင့်နေ"

"Omm"

ဟက်မောင်ရယ် မအားရအောင်ဘာတွေလုပ်နေတာလဲ ။မောင်ကထယ့်ကိုတောင်ကြိုမအားတော့ မောင်ဘာတွေနဲ့အလုပ်ရှုပ်နေတာလဲ ထယ်လိုက်ကြည့်တာပေါ့ ။

"Driver Choi BSG Centerကိုမောင်းပါ"

ထယ်ယောင်းတစ်ယောက်ကားပေါ်မှာသူနဲ့မောင့်အကြောင်း‌ကို‌ပြန်တွေးနေမိသည်။ ထယ်နဲ့မောင်ကကျောင်းတုန်းကတည်းကအချစ်သူငယ်ချင်းတွေပေါ့။မောင်ကကျောင်းကတည်းက ရည်းစားအရမ်းရှုပ်တာ ဘယ်သူ့ကိုမှအတည်မချစ်ဘူး ရှုပ်တာပွေတာက သူ့အကျင့်လိုဖြစ်နေတာ ကျောင်းပြီခံနီးမောင်က ထယ့်ကိုချစ်ကြောင်းလာပြောတယ်။ အင်းထယ်ကိုယ်တိုင်ကမောင့်ကို အထက်တန်းကတည်းကချစ်နေတာလေ ဒါမဲ့ထယ့်မှာမာနတရားရှိတယ် ထယ်ကဘယ်သူကိုမှအောက်ကျို့မခံဘူးလေ ။

မောင်ကစားတာသိတော့ထယ်မောင့်ကို ငြင်းခဲ့တယ်။ မောင်ကလုံ့လကြီးစွာနဲ့ထယ့်ကို ၁နစ်နီးပါးလိုက်ခဲ့သည်။ ထယ်လည်း‌မောင့်ကို ယုံတာကြောင့်အဖြေပြန်ပေးခဲ့ပါတယ်။ အဲ့ချိန်ကတည်းကမောင်ကထယ့်အပိုင်ပေါ့ ကျောင်းပြီးတော့ mommyတို့ကထယ်တို့ကို‌လက်ထက်‌ေပးခဲ့တယ် ။ခုဆိုထယ်တို့လက်ထက်ထားတာ ၂နစ်ရှိတော့မယ် မောင်ခြေမရှုပ်တော့ပါဘူး ဒါမဲ့လွန်ခဲ့တဲ့ ၁လအထိပေါ့ ဟက် မောင်ရယ် မောင် ထယ့်ကိုကစားစရာမှတ်နေသည်လား ။

~ထယ်ကအဆိပ်ပြင်းတဲ့ပန်းပါ‌‌မောင်~Where stories live. Discover now