Part.22

567 36 7
                                    

Zawgyi

" ခံစားချက်​တစ်​ခုတည်းမှာပဲ ပိတ်​မိ​နေမယ်​..အဲဒီိက​နေမလွတ်​​မြောက်​နိုင်​​တော့ဘူးဆိုရင်​ ထပ်​တူအ​ကြောင်းအရာတစ်​ခုကို ဖန်​တီးပြီး အသစ်​ဖြစ်​လာတဲ့ခံစားချက်​ထဲ ရူပ်​​ထွေး​နေတဲ့စိတ်​အစုံကို လွတ်​လပ်​ခွင့်​​ပေးကြည့်​လိုက်​ပါ "

မွန်းကြပ်​လွန်းတဲ့ အခန်းတစ်​ခုတည်းမဟုတ်​ဘဲ ဒီတစ်​ခါ​တွေ့ဆုံမှူက သူအမြဲလာ​နေကျ ​ကော်​ဖီဆိုင်​​လေးမှာ ဖြစ်​တယ်​။
အထူးသဖြင့်​ ရိ​ပေါ်နဲ့အဆင်​မ​ပြေတဲ့အချိန်​မျိုးဆို ဒီဆိုင်​​လေးမှာ​ကော်​ဖီတစ်​ခွက်​နဲ့ အချိန်​​တော်​​တော်​ကြာတဲ့အထိ သူ့စိတ်​​တွေကို လွတ်​လပ်​ခွင့်​​ပေး​နေကျ။

ရှေ့၂ရက်​က အ​ကြောင်းဂျွန်​ကို​ပြောပြမိ​တော့ သူနားမလည်​တဲ့စကားတစ်​ချို့နဲ့ ဂျွန်​က စကားစတယ်​။
နားမလည်​တာထက်​ ရိ​ပေါ်နဲ့ပတ်​သက်​တဲ့ထပ်​တူအ​ကြောင်းအရာတစ်​ခုကို မဖန်​တီးချင်​တာဆို ပိုမှန်​​လောက်​မယ်​။
သိစိတ်​က အကြိမ်​ကြိမ်​ထွက်​​ပြေး​နေ​ပေမယ့်​ မသိစိတ်​က ဒီဝဲဂယက်​ထဲမှာပဲ လည်​ပတ်​ချင်​​နေတုန်း။

" တတ်​နိုင်​သမျှ ဝမ်​ရိ​ပေါ်နဲ့ မပတ်​သက်​မိ​အောင်​​နေ​ပေးပါ မဟုတ်​ရင်​ ​ရှောင်းကိုယ့်​ကိုယ့်​ကို မထိန်းချူပ်​နိုင်​မှာစိုးရတယ်​။ဒီလိုအဖြစ်​မျိုး​နောက်​တစ်​ကြိမ်​ ထပ်​ဖြစ်​ခဲ့ရင်​ ​ရှောင်းရဲ့ကျန်းမာ​ရေးကိုပါ ထိခိုက်​လိမ့်​မယ်​..ဒါမှမဟုတ်​ ​ရှောင်းမလုပ်​ချင်​​တော့...."

" လုပ်​နိုင်​တယ်​ အဲ​နေ့က ..ပထမဆုံးအကြိမ်​ရိ​ပေါ်ဘက်​က ဆက်​သွယ်​တာကို ငြင်းဆန်​ခဲ့တာ​ကြောင့်​ အဆင်​မ​ပြေဖြစ်​သွားရုံပါ "

" ​မေ့လဲသွားတဲ့အဆင့်​ထိ ​တောင်​လား..."

သူ မ​ပြောပြလဲ ဂျွန်​က ခန့်​မှန်းမိတယ်​ထင်​တယ်​။patientတစ်​​ယောက်​အ​နေနဲ့ ဘယ်​လိုဘယ်​ပုံဖြစ်​​နေတယ်​ဆိုတာ ဆရာဝန်​ဖြစ်​တဲ့ဂျွန်​က သိနိုင်​တာသိပ်​​တော့မထူးဆန်းပါဘူး။

" ထပ်​လုပ်​ကြည့်​မလား အရင်​တစ်​ကြိမ်​လိုမျိုးစိတ်​ထဲမှာ ပြန်​မြင်​​ယောင်​ကြည့်​ရင်းနဲ့ တစ်​ခါ​လောက်​ဖြစ်​ဖြစ်​ ထိန်းချူပ်​ထားနိုင်​​လာ​အောင်​....."

Creation With You(season 1)(Completed)Where stories live. Discover now